30 C
Yangon

ရေဦးမြို့နယ်၊ မူးသာကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံး

Must read

ရေဦးမြို့နယ်၊ မူးသာကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မူးသာကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ည ၉ နာရီခန့်တွင် ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်သားများက ရေဦးမြို့ အနီးအနားရှိ ကျေးရွာများကို ၁၂၀ မမ ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မူးသာကုန်းရွာမှ ဆယ်ကျော်သက် အရွယ် ကလေးငယ် မောင်ကျော်ဇင်ဟိန်း သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးများသည် ရေဦးမြို့နယ် တောင်ဘက်ခြမ်းရှိ ရွာသာလေးရွာ၊ မူးသာကုန်းရွာ၊ မူးသာကုန်းရွာနှင့် ရွာသစ် အကြား၊

ကုက္ကိုစုရွာ၊ သံသည်ရွာ တို့ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

” ညက ရေဦးတိုင်းရင်းဆေးရုံထဲက စစ်ခွေးတွေ ရေဦးမြို့အနီးပတ်ချာလည်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ၁၀ ချက်ကျော် ပစ်ခတ်ခဲ့တယ်။ ရေဦးတောင်ဘက်ခြမ်း မူးသာကုန်းရွာထဲ တစ်လုံးကျပေါက်ကွဲပြီး မောင်ကျော်ဇင်ဟိန်း ကလေးငယ်တစ်ဦး ဗိုက်ပွင့်သေဆုံးသွားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article