25 C
Yangon

အင်းစိန်ထောင်အတွင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသော နိုင်ငံရေး အကျဥ်းသား ကိုမင်းဟိန်းခန့်သည် ဆေးကုသခွင့် မရဘဲ နှလုံးရောဂါဖြင့် သေဆုံး

Must read

အင်းစိန်ထောင်အတွင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသော နိုင်ငံရေး အကျဥ်းသား ကိုမင်းဟိန်းခန့်သည် ဆေးကုသခွင့် မရဘဲ နှလုံးရောဂါဖြင့် သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသော နိုင်ငံရေး အကျဥ်းသား ကိုမင်းဟိန်းခန့်သည် ဆေးကုသခွင့်မရဘဲ နှလုံးရောဂါဖြင့် သေဆုံးသွားကြောင်း ဒီမိုကရက်တစ် လူငယ်ကောင်စီ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် အင်းစိန်ထောင်အတွင်း၌ ထောင်ဒဏ် ၂၇ နှစ်ချမှတ် ခံထားရသည့် အသက် ၂၂ နှစ်အရွယ် ကိုမင်းဟိန်းခန့်သည် နှလုံးရောဂါဖြင့် အချိန်မီ ဆေးကုသခွင့် မရသောကြောင့် သေဆုံးခဲ့​ခြင်း ဖြစ်ကြောင်း သိရသည်။

” ဒီမိုကရက်တစ် လူငယ်ကောင်စီအနေဖြင့်လည်း မိသားစုနှင့် ထပ်တူဝမ်းနည်းရပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ၏ ဆေးကုသခွင့်ရရှိပိုင်မှုနှင့် ပတ်သတ်ပြီး အထူးစိုးရိမ်လျှက်ရှိပါတယ်” ဟု ဒီမိုကရက်တစ် လူငယ်ကောင်စီ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ကိုမင်းဟိန်းခန့်သည် ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းစဥ် တိုက်ပေါ်မှ ခုန်ချသွားသည့် လူငယ် ၅ ဦး အမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရကာ အကြမ်းဖက် စစ်တပ်က ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အင်းစိန်ထောင်အတွင်း ထောင်ဝင်စာများ ကန့်သတ်လိုက်ခြင်းကြောင့် လိုအပ်သည့် ဆေးဝါးများ သွင်းခွင့်မရဘဲ ရောဂါအခံရှိသူများ သေဆုံးရန်သာရှိကြောင်း၊ စစ်ကောင်စီက အကျဥ်းသား အခွင့်အရေး ချိုးဖောက်နေမှုကို နိုင်ငံတကာအနေနှင့် ဝိုင်းဝန်းဆန့်ကျင်ပေးရန်နှင့် နိုင်ငံရေး အကျဥ်းသားများကို မေ့မထားရန် လိုအပ်ကြောင်း၊ လက်ရှိချိန်တွင် အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ၏ ဆေးကုသခွင့်နှင့် ပတ်သတ်၍ အထူးစိုးရိမ်နေရကြောင်း ဒီမိုကရက်တစ်လူငယ်ကောင်စီအဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article