25 C
Yangon

မင်းလှမြို့နယ်၊ ဘီးချောင်းကုန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၆ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

Must read

မင်းလှမြို့နယ်၊ ဘီးချောင်းကုန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၆ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ဘီးချောင်းကုန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက် နံနက် ၈ နာရီခန့်က မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ဘီးချောင်းကုန်းသို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၆ ဦးသေဆုံးကာ ၂၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သား ၅ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည့် စနိုက်ပါလက်ဖြောင့်တပ်သား PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

“စစ်ခွေးက မတရား အင်အားများတာ အဲ့နေ့ပွဲက စစ်ခွေး အသေများတာ အဲ့နေ့က ကျွန်တော်တို့ သိတာက စစ်ခွေး ၆ ကောင်သေတယ်ပဲသိတာ ဒီနေ့မှ စစ်ခွေး ၁၆ ကောင်တောင် သေတာသိရတာ အဲ့နေ့က လိုက်ထရပ်ကား ၂ စီးအပြည့်ပဲ စခအလောင်းတွေ တင်ပြီးပြန်တာ ကျသွားတဲ့ ရဲဘော်က စစ်ခွေး ၅ ကောင်တောင် သူပစ်တာ သူအနီးပစ်ရတာမို့ အားမရဘဲ ထပစ်ဖို့ ကြိုးစားတုန်း ရဲဘော် ဘကြမ်း ကျည်ထိမှန်ပြီး ကျဆုံးသွားတာ သူကလက် အရမ်းဖြောင့်သူမို့ နှမြောတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်းတိုက်ပွဲအတွင်း အထိနာသော အကြမ်းဖက်စစ်သားများက ၁၂၀ မမ ၊ ၈၀ မမ လက်နက်ကြီးများဖြင့် အသုံး ပြုတိုက်ခိုက်ခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ တဲ ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article