EU ပါလီမန်မှ တာဝန်ရှိသူများနှင့် NUG ပြည်ထောင်စုဝန်ကြီးတို့ မြန်မာ့နွေဦးတော်လှန်ရေး အခြေအနေများ တွေ့ဆုံ ဆွေးနွေး
ရန်ကုန်၊ စက်တင်ဘာ ၂၆
EU ပါလီမန်မှ တာဝန်ရှိသူများနှင့် NUG ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ မြန်မာ့နွေဦးတော်လှန်ရေး အခြေအနေများ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် EU Parliament၊ Vice President, Mrs.Heidi Hautala ၏ ရုံးအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် Mr.Vincze Lora’nt အပါအဝင် သက်ဆိုင်ရာ Parliament အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုတွင် လက်ရှိ မြန်မာနိုင်ငံအခြေအနေနှင့် ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စု၏ ယိုယွင်းလာသော စီးပွါးရေး၊လူမှုရေးနှင့် ဘဏ္ဍာရေးအခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုအပေါ် လေယာဉ်ဆီပိတ်ဆို့မှုများ ယခုထက်ပိုမိုလုပ်ဆောင်သင့်ကြောင်းအခြေအနေများ၊ မြန်မာနိုင်ငံအပေါ်ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူညီများကိုနယ်စပ်ဖြတ်ကျော်ပေးအပ်နိုင်ရန်ဆွေးနွေးမှုများ၊ နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၏ လုပ်ဆောင်နေမှုများ စသည့် အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။