25 C
Yangon

မုံရွာရှိ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘော ၁ စီးကို ရှေ့ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်

Must read

မုံရွာရှိ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘော ၁ စီးကို ရှေ့ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘော ၁ စီးကို ရှေ့ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Peace Takers Task Force – PTTF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မုံရွာမြို့နယ် မင်းဒေါင့် ဆိပ်ကမ်းမှ အောက်ဘက်ကို ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ စစ် သင်္ဘော ၁ စီးကို ချင်းတွင်းမြစ်ကမ်း အရှေ့ဘက် တစ်နေရာတွင် ရှေ့ထွက် ပြောင်းမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက် ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေး ကြောင်း၊ စစ်တပ်ဘက်မှလည်း လက်နက်ငယ်များ ၊ ၄၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

” ရေကြောင်းဖြစ်တာရော သူတို့ဘက်က လက်နက်ငယ်တွေ ၄၀ မမ တွေနဲ့ တောက်လျှောက် ပြန်ပစ်တာမို့ စစ်ခွေး သေစာရင်း အတည်မပြုနိုင်ဘူး။ ကျောက်စိမ်းတင်လာတဲ့မော်တော်တွေ မလာခင် ရှေ့ပြေးလာတာထင်တယ်” ဟု Peace Takers Task Force – PTTF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Peace Takers Task Force – PTTF နှင့် The Brightness Monywa တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် များ အထိအခိုက်မရှိ ပြည်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article