25 C
Yangon

ရွှေကျင်မြို့နယ်ရှိ ဝိုင်းကျွန်းရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၄ လုံးပျက်စီး

Must read

ရွှေကျင်မြို့နယ်ရှိ ဝိုင်းကျွန်းရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၄ လုံးပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၈

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ဝိုင်းကျွန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရွှေကျင်မြို့နယ် ဝိုင်းကျွန်းကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ခမရ − ၃၅၀ ၊ ခမရ−၅၇ ၊ ခမရ−၂၀၈ မှ ၁၂၀ မမ လက်နက်ကြီး ၁၉ လုံးဖြင့် နံနက် ၆ နာရီ ၄၄ မိနစ်က စတင်ကာ မွန်းလွဲ ၁၂ နာရီ ၅၉ မိနစ်အထိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများကြောင့် ဝိုင်းကျွန်းကျေးရွာအတွင်းရှိ ဦစန်းညွှန့်၊ ဦးမြစိုး၊ ဦးရဲမောင် နှင့် ဦးမြင့်နိုင် တို့၏ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးကာ ဦးစန်းညွှန့်၏ နွားတင်ကုတ် ၁ လုံးလည်းပျက်စီးခဲ့ပြီး ဦးစန်းညွှန့် မွေးမြူထားသည့် နွား ၃ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု​များ နေ့စဥ် ပြုလုပ်နေခြင်းကြောင့် ညောင်လေးပင်ခရိုင်ရှိ ပြည်သူများသည် ၎င်းပိုင်ဆိုင်သော ပစ္စည်းဥစ္စာ အသက်အိုးအိမ်များ ပျက်စီးနေရပြီး စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article