25 C
Yangon

မြိုင်မြို့နယ်တွင် စစ်တပ်၏ ခြေလျင်စစ်ကြောင်းနှင့် ယာဥ်တန်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး ဒဏ်ရာရ

Must read

မြိုင်မြို့နယ်တွင် စစ်တပ်၏ ခြေလျင်စစ်ကြောင်းနှင့် ယာဥ်တန်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခြေလျင်စစ်ကြောင်းနှင့် ယာဥ်တန်းကို တိုက်ခိုက်ရာ စစ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောကြားသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ပခုက္ကူဘက်မှ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ ခြေလျင်စစ်ကြောင်းကို မြိုင်မြို့နယ်၊ ညောင်တွင်းအရှေ့ရွာ အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် Drop Bomb အလုံး ၄၅ လုံးခန့် ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို ယင်းနေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် ပခုက္ကူဆေးရုံကို ကားဖြင့် သယ်ဆောင်သွားပြီး လက်ရှိချိန်ထိ ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပခုက္ကူ- ကမ္မ လမ်းပိုင်း တစ်နေရာ၌ ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ ကား အစီး ၆၀ ခန့်ပါ ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်၏ စက်လက်နက် ခဲယမ်း ၊ ရိက္ခာ ကား ၁ စီးမှာ ရပ်တန့်သွားပြီး အကြမ်းဖက် စစ်သားများက လမ်းဘေးဝဲယာများကို လက်နက်ကြီးများနှင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ နှင့် Black Cobra PKU တပ်ဖွဲ့တို့က ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပခုက္ကူ၊ ကမ္မကြား လမ်းဘေးအနီးရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရကြောင်း၊ မြိုင်မြို့နယ်နှင့် ထိစပ်မြို့နယ်များရှိ ပြည်သူများအနေနှင့် စစ်ကြောင်းဝင်ရောက်မှုများနေသည့်အတွက် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်ပြီး စစ်ကြောင်း သတင်းကို နားစွင့်၍ အသိ သတိဖြင့် အမြဲရှိရန် နှိုးဆော်သတိပေးကြောင်း မြိုင်ပကဖမှ တာဝန်ရှိ တစ်ဦးက ပြောကြားသည်။

မြိုင်မြို့ အနောက်ဘက်တွင် လုံခြုံရေးယူနေသည့် စစ်သား ၊ ရဲနှင့် ပျူစောထီးများက ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ကာကွယ်ရေးအဖွဲ့၏ အခြေအနေကို သိရှိနိုင်ရန် ဒရုန်းလွှတ်၍ ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ပြီး အဆိုပါ ဒရုန်းကို ကာကွယ်ရေးအဖွဲ့များက ပစ်ချနိုင်ခဲ့၍ ဒရုန်းမှာ မြိုင်အနောက်ဘက် သင်္ချိုင်းအနီးတွင် ပြုတ်ကျသွားခဲ့ကြောင်း မြိုင် ပကဖ ထံမှ သိရှိရသည်။

အဆိုပါ ဒရုန်းကို လိုက်ရှာသည့် အကြမ်းဖက် စစ်တပ်၊ ရဲနှင့် ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးလဲကျသွားပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း၊ ကာကွယ်ရေးအဖွဲ့များဘက်မှ မိုင်းမတော်တဆမှုဖြစ်၍ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူမှ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article