27 C
Yangon

ဆားလင်းကြီးနှင့် ယင်းမာပင်မြို့ပေါ်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ရှေ့ထွက်မိုင်း ၃၀ ကျော်ဖြင့် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှေ့ထွက်မိုင်း ၃၀ ကျော်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားခဲ့ကြောင်း SSTS ဇာမနည်ပြောက်ကျားတပ်ဖွဲ့မှ ကိုဇာမနည်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်မှ ညနေ ၆ နာရီ ၃၀မိနစ်ခန့်အထိ ဆားလင်းကြီးမြို့နယ် တရုတ်ယန်စီကုမ္ပဏီမှ ထွက်လာသော အင်အား ၂၀၀ ခန့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယင်းမာပင်မြို့ပေါ်မှ ထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ယင်းမာပင်-ညောင်ပင်ကြီး လမ်းပိုင်း ဖိုလ်ဝင်တောင် လမ်းခွဲအနီးတွင် ရှေ့ထွက်မိုင်း ၃၀ ကျော်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း အများအပြားရှိကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်သား အလောင်းနှင့် ဒဏ်ရာရသူများကို မုံရွာမြို့ဆေးရုံကြီးကို သယ်ဆောင်သွားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ယမ်စီကထွက်လာတဲ့အင်အား၂၀၀ေကျာ် စစ်ခွေး စစ်ကြောင်းကို နံနက် ၁၁နာရီကျော်ကစပြီး ညနေ ၆နာရီ ခွဲအထိကို ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ရှေ့ထွက်မိုင်း အလုံး ၃၀ကျော်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာကတော့ ယင်းမာပင်မြို့နယ် ညောင်ပင်ကြီးလမ်းပိုင်းဖိုလ်ဝင်တောင် လမ်းခွဲအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ယင်းမာပင် ခွေးတွေက ကထွက်ကြိုတာပါ။ ယမ်စီက ထွက်လာတဲ့ခွေးတွေကို စစ်ခွေး သေစာရင်းကတော့ များပါတယ်။ ထိခိုက်တာလည်း တော်တော်များတယ်။ ဒဏ်ရာရတာနဲ့ သေတဲ့ကောင်တွေကို မုံရွာမြို့ပေါ်ရှိ ဆေးရုံကြီးဘက်ကို ပြန်သယ်သွားတယ်လို့ သိရတယ်။ စစ်ခွေးဘက်က လက် နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးမရှိပါဘူး ကျွန်တော်တော် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ လက်ရှိမှာ စစ်ခွေး စစ် ကြောင်း ယင်းမာပင်မြို့ပေါ်ထဲကို ရောက်သွားတယ်လို့ သိရတယ်။ ပြည်သူတွေများအနေနဲ့ဖြင့် စစ်ခွေး စစ်ကြောင်းရှိရင် အသွားအလာများကို ဂရုတစိုက် သွားလာနေထိုင်ကြဖို့ ပြောချင်ပါတယ် “ဟု SSTSဇာမနည် ပြောက်ကျားတပ်ဖွဲ့မှ ကိုဇာမနည်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို SSTSဇာမနည် ပြောက်ကျားတပ်ဖွဲ့မှ၊ တော်လှန် ပြောက်ကျားတပ်ဖွဲ့ ၊ ခရိုင်ရင်း၁ ၊ ယင်းမာပင်တပ်ရင်း ၃၁ ၊ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဆားလင်းကြီးပကဖလက်ရုံးတပ်ဖွဲ့ ၊ တပ်ရင်း ၂၉ မိုးညိုပြောက်ကျားတပ်ဖွဲ့ ၊ မြောက်ပိုင်းကျားငါးကောင်ရှမ်းမြောက်ကျားတပ်ဖွဲ့ ၊ B21တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီပြည်နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော စစ်ကားများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article