25 C
Yangon

တောင်ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့ တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲနှင့် MFDMC ပြည်ပ ထောက်ပို့တပ်သားသစ်များ ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်

Must read

တောင်ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့ တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲနှင့် MFDMC ပြည်ပ ထောက်ပို့တပ်သားသစ်များ ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၉

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့နယ်၊ ဘူဖျောင်းမြို့ တွင် ဦးကျော်မိုးလွင်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ဆက်လက်ခန့်ထားရေး ထောက်ခံပွဲနှင့် MFDMC ပြည်ပထောက်ပို့ တပ်သားသစ်များ ကြိုဆိုပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် MFDMC က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဌာန (MOD) မှ ကာကွယ်ရေးဒုအတွင်း၀န် ဦးမောင်မောင်ဆွေက ဂုဏ်ပြု အမှာစကားပြောကြားခဲ့ပြီး ပြည်ပထောက်ပို့တပ်ဖွဲ့ MFDMC မှ ဥက္ကဌဦးဇော်မိုးအောင်နှင့် အဖွဲ့တာ၀န်ခံများမှ အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း ၊ ပြည်သူ့ဘက်တော်သား CDM ဗိုလ်ကြီး ကိုလင်းထက်အောင် ၊ အဖြူရောင် မိုးစက်လေးများအဖွဲ့တာ၀န်ခံ မကေသွယ်အောင် ၊ ကိုရီးယားနိုင်ငံရှိ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်း အသီးသီး၏ ခေါင်းဆောင်များမှလည်း ဂုဏ်ပြု အမှာစကားများ ပြောကြားခဲ့ပြီး ဖျော်ဖြေရေး (သံချပ် ၊ တေးဂီတ၊ကဗျာရွတ်ဆိုခြင်း) အစီအစဥ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article