25 C
Yangon

ပေါင်းတည်တွင် သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းမှ ထွက်လာသော စစ်ကြောင်း ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်

Must read

ပေါင်းတည်တွင် သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းမှ ထွက်လာသော စစ်ကြောင်း ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၉

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းမှ ထွက်လာ သော စစ်ကောင်စီ စစ်ကြောင်းကို PDF များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း ပေါင်းတည်PDF ၃၆၀၁ တပ်ရင်း တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်ကျားဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ပေါင်းတည်မြို့နယ်၊ကိုင်းကွင်းအုပ်စု၊ ကိုင်းကွင်းရွာနှင့် ထန်းကုန်းရွာကြားတွင် သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းမှထွက်လာသော အင်အား ၂၇ ဦးပါစစ်ကြောင်းကို ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ၏ Sniper တပ်ဖွဲ့ နှင့် ပြည်ခရိုင်တပ်ရင်း ၃၆၀၁ တပ်ခွဲ ၂ ၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ တပ်ခွဲ ၄တို့က ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်ချိန် ၁၀ မိနစ်ခန့်ကြာမြင့်ပြီး စစ်တပ်ဘက်မှ ၄ ဦး ဒဏ်ရာ ရရှိကြောင်း၊ သိရှိရသည်။

စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူ ၄ ဦးမှာ မသွားနိုင်တော့သဖြင့် တောထဲတွင် အလုပ်လုပ်နေသော ကွင်းကျေးရွာသားများကို အတင်းအဓမ္မ ခေါ်ဆောင် လိုက်ပို့ခိုင်းကြောင်း၊စစ်သား တစ်ဦးမှာ အထမ်းဖြင့် ခေါ်ဆောင်သွားရ ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲ​ဘော်များ အားလုံး အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စကစ တပ်ဖွဲ့ ဝင် များ သေဆုံးထိခိုက်သူများရှိနိုင်၍ သီးခြားအတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သစ်ပုတ်တာဝါတိုင် အထိုင် စခန်းဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။

၎င်းတို့ထွက်ခွာသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲ ဖြစ်ပွားရာ နေရာကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ မပေါက်ကွဲသေးသော ၆၀ မမ ၂လုံး ၊ အသုံးပြုပြီးသော ၄၀ မမကျည်ခွံများ၊ ၇•၆၂ကျည်အကောင်း ၂ တောင့် နှင့် ကျည်ခွံများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article