25 C
Yangon

ကြို့ပင်ကောက်မြို့နယ်၊ ကြာအင်းချောင်းမကြီး အနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး

Must read

ကြို့ပင်ကောက်မြို့နယ်၊ ကြာအင်းချောင်းမကြီး အနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၉

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကြာအင်းချောင်းမကြီးအနီး၌ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်ခန့်က ကြို့ပင်ကောက်မြို့နယ်၊ ကြာအင်း ချောင်းမကြီး အနီး ခုနှစ်အိမ်တန်း၌ ဘော်ဘင်ရွာ ၊ မီးကောက်ပင်ရွာတို့မှ ပျူစောထီးများနှင့် အကြမ်းဖက် စစ်သားများ ပူးပေါင်းကာ အထိုင်ချ တပ်စွဲထားသော ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် ကျေးရွာအတွင်းရှိ အထိုင်ချစခန်းကို ဆက်လက် တိုက်ခိုက်ရန် ပြုလုပ်စဥ် သော်လည်း ပြည်သူများ စခန်းအနီး ရှိနေသောကြောင့် ဆက်လက် တိုက်ခိုက်ခြင်းမပြုလုပ်ဘဲ အနီးကပ်စောင့်ကြည့်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

” အဲစစ်ခွေး ကင်းစခန်းကို ၄ ဖွဲ့ ပေါင်းဆော်တာ ပျူစောထီးနဲ့ စစ်ခွေးတွေရဲ့ စခန်းပါ စစ်ခွေးနဲ့ ပျူစောထီး ၃ ကောင်သေတယ်လို့ သိရတယ်” ဟု သာယာဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ (Black Dragon (GBK PDF) အဖွဲ့ ရိုးမနဂါး ဦးဆောင်၍ တပ်ရင်းခွဲ တပ်ပေါင်းစု စနစ်ဖြင့် Dragon Brothers (GBK) တပ်ရင်း၃၈၀၂၊ တပ်ခွဲ ၁၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ Yoma GBK၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃၊ BTZ GBK PDF တပ်ခွဲတို့ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article