25 C
Yangon

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော စစ်တပ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော စစ်တပ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဘက်သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာ သော အကြမ်းဖက်စစ်တပ် သင်္ဘောများကို ရှေ့ထွက်မိုင်း၊ လက်နက် ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ မကျီးဘုတ်၊ မကျီးဂွရွာမှ ပြည်သူ ပိုင်ပစ္စည်းများကို ခိုးယူပြီး ဆန်တက်လာသော စစ်သ င်္ဘော ၂ စီး၊ ကုန်တင်ရေယာဉ် ၇ စီးကို မုံရွာမြို့ နယ်နှင့် ဆားလင်းကြီး မြို့နယ် အကြားအရောက် စစ်သင်္ဘာ ၂ စီးကို ရှေ့ထွက်မိုင်း ၁၀ လုံး ဖြင့် တိုက် ခိုက်ခဲ့ရာ သင်္ဘောတစ်စီးလုံးကို ထိမှန်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“တဖက်ပွင့်ပြောင်းနဲ့ပစ်တာဆိုတော့ သင်္ဘောတစ်ခုလုံးကို ထိမှန်တယ်ဗျ၊ ပျက်စီးမှု ကတော့ အတိ အကျ မပြောနိုင်ဘူး၊ ပစ်ခတ်ခံရပြီး ခဏကြာတော့ ရေလယ် ကျွန်းဘက် ကပ်သွားတယ်၊ စစ်ခွေး တွေဘက်က စက်ကလေး တွေရော၊ လက်နက်ငယ်တွေရော ပြန်ပစ်ပါတယ်၊ ကျနော်တို့ရဲဘော်တွေ အားလုံး ဘေး ကင်းပါတယ်ဗျ၊ စစ်ခွေး ၅ ကောင်သေ တယ်အများအပြား ဒဏ်ရာရတယ်ဆိုတာ တိကျခိုင်မာတဲ့ သတင်းပေးဆီက သိရတာပါဗျ၊” ဟု People’s Defense Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်‌ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa ၏ တပ်ခွဲ ၁ ၊ တပ်ခွဲ ၃ Royal Alliance – တော်ဝင်မဟာမိတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၅ A.S.F၊ Deathless Generation Monywa လက်နက်ကြီးတပ်ဖွဲ့၊ Aung San Generation၊ One Way Revolution Force၊ Dragon Brothers’ People’s Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- ယမန်နေ့ ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်သင်္ဘောများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article