ဒီးမော့ဆိုမြို့နယ်ရှိ ကြားကာလပညာရေး ကျောင်းတစ်ကျောင်းတွင် သီးပင်၊ စားပင်များ စိုက်ပျိုး
ရန်ကုန်၊ အောက်တိုဘာ ၂
ဒီးမော့ဆိုမြို့နယ်ရှိ ကြားကာလပညာရေး ကျောင်းတစ်ကျောင်းတွင် ခရမ်းသီးပင်၊ နံနံပင်၊ မုန်ညင်းပင် ၊ ဆလပ်ပင်၊ ကိုက်လန်ပင်နှင့် ပန်းအချိူ့ကို ဆရာမများ၊ ကလေးငယ်များနှင့်အတူ ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်တို့က စိတ်ပိုင်းဆိုင်ရာ ကုစားမှုအဖြစ် လက်တွေ့လုပ်ဆောင် စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။