25 C
Yangon

ဒီပဲယင်းမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက် လာသောကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထပ်မံ စစ်ဘေး တိမ်းရှောင်နေရ

Must read

ဒီပဲယင်းမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက် လာသောကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထပ်မံ စစ်ဘေး တိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထပ်မံ စစ်ဘေး တိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဒီပဲယင်းမြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာသောကြောင့် မြို့အနီးအနားရှိ ကျေးရွာ ၈ ရွာမှ ပြည်သူ ၅၀၀၀ ကျော်သည် ထပ်မံ စစ်ဘေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဒီပဲယင်းမြို့နှင့် အနီးအနားရှိ ဝပါရွာ၊ မှန်သာရွာ၊ သပြေသာရွာ ၊ တောကျောင်းရွာ၊ အင်းတန်းရွာနှင့် ငြိမ်းချမ်းရွာသစ် ၊ မဲသည်ရွာနှင့် ယင်းတွေရွာ တို့မှ ပြည်သူ ၅၀၀၀ ကျော်သည် ထပ်မံ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ရွာထဲပြန်ဝင်ကျတဲ့ ရွာတွေလည်းရှိတယ်။ မြို့နဲ့ အနီးက ရွာတွေတော့ ရှောင်ကြရဦးမယ်။ မြို့နားက ရွာတွေကြတော့ လက်နက်ကြီးရော အမှတ်မထင် ဝင်လာမှာရော စိုးရိမ်ကြရတယ်။ ၈ ရွာလောက်ကတော့ ဆက်ပြီးရှောင်ရတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article