25 C
Yangon

မုန်းမြို့ရှိ ငတိုးခင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရ

Must read

မုန်းမြို့ရှိ ငတိုးခင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၄

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ငတိုးခင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် မုန်းမြို့နယ်အတွင်းရှိ ရွှေဝါတွင် အခြေစိုက်သည့် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက လက်နက်ကြီး ၈ လုံးဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများ အတွင်း ပစ်ခတ်ခဲ့ရာ ငတိုးခင် ကျေးရွာ အတွင်း လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည်သည် ငတိုးခင်ကျေးရွာမှ အသက် ၄၆ နှစ်အရွယ် တီးဇော်မင်း နှင့် အသက် ၉ နှစ်အရွယ် နော်နီလာထွေး တို့ကို ထိမှန်ကာ လက်ရှိအချိန်တွင် ကေအဲန်ယူ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ဆေးခန်းတစ်ခုတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article