26 C
Yangon

ရန်ကင်းမြို့နယ် အခွန်ရုံးက နေအိမ်၊ ဆိုင်ခန်းနှင့် တိုက်ခန်းပိုင်ရှင်များကို ဆင့်ခေါ်ပြီး ငှားရမ်းထားသည့် အိမ်၊ ဆိုင်ခန်းနှင့် တိုက်ခန်းများအတွက် အခွန် ပေးရမည်ဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက်တောင်းယူ

Must read

ရန်ကင်းမြို့နယ် အခွန်ရုံးက နေအိမ်၊ ဆိုင်ခန်းနှင့် တိုက်ခန်းပိုင်ရှင်များကို ဆင့်ခေါ်ပြီး ငှားရမ်းထားသည့် အိမ်၊ ဆိုင်ခန်းနှင့် တိုက်ခန်းများအတွက် အခွန် ပေးရမည်ဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက်တောင်းယူ

ရန်ကုန်၊ အောက်တိုဘာ ၄

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် အခွန်ရုံးက အိမ်ရှင်၊ ဆိုင်ခန်းရှင်နှင့် တိုက်ခန်း ပိုင်ရှင်များကို ရုံးသို့ ဆင့်ခေါ်ပြီး ငှားရမ်းထားသည့် အိမ်၊ ဆိုင်ခန်းနှင့် တိုက်ခန်း များအတွက် အခွန် ပေးရမည်ဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် တောင်းယူ နေကြောင်း ရန်ကင်းမြို့ ပြည်သူများထံမှ သိရှိရသည်။

နေအိမ်၊ တိုက်ခန်း၊ ဆိုင်ခန်း ငှားရမ်းထားသည့် ပိုင်ရှင်များကို ရန်ကင်း မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးက စုံစမ်းကာ ပိုင်ရှင်များထံသို့ ရရှိသော ငှားရမ်းခ ဝင်ငွေအတွက် လာရောက် အခွန်ဆောင်ကြရန် ဆင့်ခေါ်ကြောင်း၊ ရုံးသို့ ရောက်ရှိသွားချိန်တွင် အခွန် မဆောင်ရဘဲ ညှိနှိုင်းသည်ဟုဆိုကာ အခွန်ဦးစီးမှူး အမျိုးသမီးထံသို့ လာဘ်ငွေပေး အမှုတွဲ ဖျောက်ဖျက်ပေးကြောင်း သိရှိရသည်။

” အခွန်ရုံးက နေအိမ်၊ တိုက်ခန်းတွေကို ဆိုင်နှင့် လုပ်ငန်းအတွက် ငှားရမ်းလို့ ဆိုပြီး အိမ်လခဝင်ငွေအပေါ် အခွန်စည်းကြပ်မယ်ဆိုပြီး ဆင့်ခေါ်တယ်။ အိမ်ငှားခ ရတဲ့ ဝင်ငွေအပေါ် စည်းကြပ်မယ်ဆိုပြီးတော့ ရုံးက ဆင့်ခေါ်စာ ပို့တယ်။ ဒါပေမယ့် ရုံးကိုသွားတော့ အခွန်ဆောင်တာထက် ၂ ဆ ၊ ၃ ဆသက် သာမယ်ပြောပြီး ပေါ်တင်ညှိပါတယ်။ ငွေပေးရင် စာရင်းဖျောက်ပြီး အခွန် တစ်ရုံးလုံးက အိတ်ကပ်ထဲထည့်ပါတယ်။ အခွန်လည်း မဆောင်ရပါဘူး။ သူတို့ ကို ငွေပေးရတာပါ။ ရန်ကင်းမြို့နယ် အခွန်ဦးစီးမှူး အမျိုးသမီး အစားကြမ်း တာ။ တစ်မြို့နယ်လုံးမှာ ဖွင့်ထားသမျှ ဆိုင်တွေ ကျောင်းတွေ လုပ်ငန်းတွေကို ဆင့်ခေါ်စာတွေပို့ပြီး အတောင်းကြမ်းနေပါတယ်” ဟု ရန်ကင်းမြို့နယ်မှ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ရန်ကင်းမြို့နယ် အခွန်ရုံးက အိမ်ငှားရမ်းထားသည့် ပိုင်ရှင်များကို တစ်နှစ် လျှင် ၁၅ သိန်း နှုန်း အနည်းဆုံး လာဘ်ငွေ တောင်းယူပြီး အမှုပိတ် စာရင်း ဖျောက် ဖျက် ပေးကြောင်း သိရှိရသည်။

“သူတို့နဲ့ညှိရင် အကုန်ရတယ်။ ညှိပြီး အခွန်လည်း ဆောင်စရာမလိုဘူး။ အမှု တွဲပါ ပိတ်ပစ်ပြီး ဖျောက်ပစ်လိုက်တာ။ သူတို့ကလည်း အခွန်ဆောင်ရင် ဒီထက် ပိုကုန်မယ်။ သူတို့ကိုပေးဆိုတာမျိုးလုပ်တာ။ ခေတ်ပျက်ကြီးမှာ ပြည်သူတွေကို အနိုင်ကျင့်နေကြတာ” ဟု ရန်ကင်းမြို့မှ ပြည်သူက ပြောဆိုသည်။

ရန်ကင်းမြို့နယ်အခွန်ရုံးက အခွန်ဆောင်လျှင် အခွန်ဥပဒေအရ အရေးယူမည် ဟုဆိုကာ ခြိမ်းခြောက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article