25 C
Yangon

လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့ ရဲစခန်းမှူးက ဒေသပြည်သူများကို အမှုဆင်ဖမ်းဆီး ငွေညစ်ပြီး ရဲစခန်း အာမခံ​ကြေး အများအပြား တောင်းခံ

Must read

လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့ ရဲစခန်းမှူးက ဒေသပြည်သူများကို အမှုဆင်ဖမ်းဆီး ငွေညစ်ပြီး ရဲစခန်း အာမခံ​ကြေး အများအပြား တောင်းခံ

ရန်ကုန်၊ အောက်တိုဘာ ၄

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့ ရဲစခန်းမှူးက ဒေသပြည်သူများကို အမှုဆင်ဖမ်းဆီး ငွေညစ်ပြီး ရဲစခန်း အာမခံ​ကြေး အများအပြား တောင်းခံကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒါးပိန်မြို့ ရဲစခန်း အပိုင် နယ်မြေများအတွင်း ရဲစခန်းမှူးက ကြက်ဝိုင်းများနှင့် နှစ်လုံး ၊ သုံးလုံး လောင်းကစား သမားများကို လိုင်းကြေးတောင်းယူကာ လောင်းကစားဝိုင်းများ ပြုလုပ်ခွင့် ပေးထားကြောင်း၊ ရဲစခန်းမှ အမှုလိုပါက လောင်းကစားလုပ်ငန်းများကို ဖမ်းဆီးခြင်းမရှိဘဲ ဒေသပြည်သူများကို အမှုဆင် ဖမ်းဆီမှုများ ပြုလုပ်ကြောင်း သိရသည်။

“ဒါးပိန်မြို့ရဲစခန်းက အမှုလိုလာပြီဆိုရင် အသွားအလာဆင်ခြင် ကြည့်နေ ကြည့်ထိုင်တော့ ဘာမှအပြစ်မရှိတဲ့ အရပ်သားတွေ အဖမ်းခံရတော့တာပဲ အမှုဆင်ဖမ်းတာပေါ့ဗျာ ဖဲရိုက်တယ်။ ဖဲဝိုင်းလုပ်တယ်။ မူးယစ်ရမ်းကားတယ်။ အချိန်မတော်သွားတယ်ဆိုပြီး ဒါးပိန်ရဲက အမှုအမျိုးမျိုးတပ် အမှုဆင်ဖမ်းနေပါတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့သို့ အဖမ်းခံရသည့် ပြည်သူများထံမှ ဒါးပိန်မြို့ ရဲစခန်းမှူးက ရဲစခန်း အာမခံကြေးဆိုကာ သိန်းဆယ်နှင့်ချီပြီး တောင်းခံမှုများ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခြင်းမရှိဘဲ တရားရုံးတင်၍ ထောင်ဒဏ်ချမှတ်ကြောင်း သိရသည်။

“သူတို့လုပ်ချင်ရာလုပ်နေတဲ့ ခေတ်ဆိုတော့လည်း ဘယ်သူမှ ဘာမှ မပြောရဲကြဘူး။ ဘာမသိညာမသိ အဖမ်းခံရတဲ့လူတွေဆီက ရဲစခန်း အာမခံကြေးဆိုပြီး ငွေကို သိန်းဆယ်ချီတောင်းတယ်။ အဖမ်းခံရတဲ့သူတွေကလည်း သူတို့ကြောက်တော့ ရှိတာပေါင် ရောင်းချပြီး ပေးရတာပေါ့။ ဒါနဲ့ပြီးလားဆိုတော့လည်း မပြီးသေးဘူး အမှုဆင်ပြီး တရားရုံးတင်တယ်။ ထောင်ချဖို့လုပ်တယ်။ အပြစ်လဲမရှိဘူး အဖမ်းလည်းခံရတယ် ငွေလည်း ကုန်တယ် လူပါ ထောင်ချသေးတယ်။ တရားသူကြီးကလည်း ဆင်ခြင်ထုံမရှိဘူး တက်လာတဲ့အမှုတိုင်း ထောင်ချတော့တာပဲ လက်ရှိလှည်းကူးမြို့နယ်တရားသူကြီးက စစ်ကောင်စီ နယ်လုံသမီးလို့ပြောတာပဲ” ဟု ဒါးပိန်မြို့ ရဲစခန်းမှူး၏ အမှုဆင် ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဒါးပိန်မြို့ ရဲစခန်းမှူးက ၎င်းအမှုဆင် ဖမ်းဆီးသူများကို ကျေနပ်မှုမရှိပါက ကြိုက်သည့် PDF အဖွဲ့များကို သွားရောက် တိုင်ကြားနိုင်ကြောင်း စိန်ခေါ်ပြောဆိုလေ့ရှိသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article