25 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ အခွန်ရုံးက အိမ်ရှင်တွေ ဆိုင်ခန်းရှင် တွေ နဲ့ တိုက်ခန်း ပိုင်ရှင်တွေကိုခေါ်ပြီး ငှားရမ်းထားတဲ့ အိမ်တွေ ၊ ဆိုင်ခန်းတွေ နဲ့ တိုက်ခန်း တွေအတွက် အခွန် ပေးရမယ်ဆိုပြီး ငွေကြေးတွေ ခြိမ်းခြောက် တောင်းယူ နေတယ်လို့ ရန်ကင်းမြို့နေ ပြည်သူတွေက ပြောပါတယ်။

– မြန်မာနိုင်ငံအနှံ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ နဲ့ ပစ်ခတ်မှုတွေအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး နဲ့ ဗိုလ်မှူးတွေ အပါအဝင် စစ်တပ်အရာရှိ ၁၀ ဦး ဟာ တစ်လအတွင်းမှာပဲ သေသွားတယ်လို့ ရန်ကုန် ခေတ်သစ်က စုဆောင်းရရှိထားတဲ့ အချက်အလက်အရ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ မုံရွာ-မန္တလေး လမ်းပိုင်းမှာ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး နဲ့ ရဲ ၁ ဦး လိုက်ပါလာတဲ့ ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပစ်ခတ်တိုက်ခိုက်ရာမှာ အုပ်ချုပ်ရေးမှုး ရော ၊ ရဲရော ၂ ဦးလုံး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article