25 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– မန္တလေးမြို့၊ နန်းတွင်းစစ်ကြောရေးမှာ အလွန်ရက်စက်တဲ့ စအိုကို တုတ်နဲ့ ထိုးပြီး သတ်ဖြတ်မှု တွေရှိခဲ့ပြီး ၊ ယခင်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက ဥပဒေမဲ့ အရက်စက် ဆုံးသော နည်းလမ်းတွေကို အသုံးပြု သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့ စစ်ဘက်သတင်း ရင်းမြစ်က ပြောပါတယ်။

– ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ဝန်တင်တပ်ရင်း ၂ က တပ်သားရဲထက်ကျော် ဆိုသူဟာ သူတို့ စစ်တပ်က ထောင်ထားတဲ့ မိုင်းကို ဖြုတ် ကြည့်ရာကနေ ပေါက်ကွဲမှု ဖြစ်ပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ရာမှာ အဲ့ဒီ့ဖြစ်စဉ်ကို ဝန်တင် တပ် ခွဲ မှူးက အထက်ကို လိမ်လည် အစီရင်ခံ တင်ပြထားတယ်လို့ စစ်တပ် သတင်း ရင်းမြစ်က ရန်ကုန် ခေတ်သစ် ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်မှာ မူးယစ်ဆေးဝါးရောင်းချတဲ့ နေအိမ်ကနေ လိုင်းကြေးယူပြီး ဖဲရိုက်နေတဲ့ မီးရထား-ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်တပ်က တပ်ကြပ်ကြီးတစ်ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article