29.6 C
Yangon

ပခုက္ကူမြို့တွင် စစ်တပ်က ပြည်သူတစ်ဦးကို ပစ်သတ်ပြီး အလောင်း ကို ညတွင်းချင်း မီးရှို့ ဖျောက်ဖျက်

Must read

ပခုက္ကူမြို့တွင် စစ်တပ်က ပြည်သူတစ်ဦးကို ပစ်သတ်ပြီး အလောင်း ကို ညတွင်းချင်း မီးရှို့ ဖျောက်ဖျက်

ရန်ကုန်၊ အောက်တိုဘာ ၈

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတစ်ဦးကို ပစ် သတ်ပြီး ညတွင်းချင်း မီးရှို့အလောင်းဖျောက်ဖျက်ပစ်လိုက်ကြောင်း ဒေသနေပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၆ ရက်နေ့ ည ၁၀ နာရီခန့်အချိန် ပခုက္ကူမြို့၊ အမှတ် ၅ ရပ်ကွက်အတွင်း၌ PDF တပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲများက ဝင်ရောက်ဖမ်း ဆီးစဉ် လမ်းပေါ်ထွက်ကြည့်မိသူ အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်သတ်ဖြတ်ပြီးနောက် အလောင်းကို မိသားစုထံ ပြန် မပေးဘဲ စစ်တပ်က ညတွင်းချင်းသင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

“အိမ်နားမှာ သေနတ်ဖောက်သံကြားလို့ ထွက်ကြည့်တာ၊ အဲဒါကို ပစ်သတ်သွားတာ၊ အသက်က ၃၀ လောက်ပဲရှိအုံးမယ်၊ ပစ်သတ်ပြီးတော့ အလောင်းပါ ယူသွားတာ၊ ညတွင်းသင်္ဂြိုလ်လိုက်တယ်လို့ သိရ တယ်၊ အိမ်ရှေ့ထွက်ထိုင်နေတဲ့သူတွေပါ အကုန်ဖမ်းသွားတာ၊ ပါသွားတဲ့သူတွေလည်း များတယ်၊ သေနတ်ပစ် တာကလည်း လေးငါးချက်လောက်ရှိတယ်” ဟု ပခုက္ကူမြို့နေ့ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ပခုက္ကူမြို့ပေါ်တွင် ယခုကဲ့သို့ မကြာခဏသတ်ဖြတ်ခံရမှုများရှိပြီး သေဆုံးသူ မိသားစုဝင်များပင် အနား ကပ်ခွင့် မပေးပဲ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ချက်ချင်းသယ်ဆောင်သွားကာ သင်္ဂြိုလ်ပစ် နေကြောင်း ပခုက္ကူမြို့နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

“ပခုက္ကူမှာက အဲလိုအသတ်ခံရတာတွေ ခဏခဏဖြစ်တယ်၊ မိသားစုတွေလည်း ဘာမှ မတတ်နိုင်ဘူး၊ သူတို့သတ်လို့ သေတဲ့သူတွေဆိုရင် ရပ်ကွက်ထဲကတောင် လိုက်အပို့မခံဘူး၊ ချက်ချင်းသယ်သွားပြီး မီးရှို့ ပစ်လိုက်တာ၊” ဟု ပခုက္ကူမြို့နေ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article