25 C
Yangon

စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာ-ရွှေဘို ကားလမ်း နေရာ ၆ ခုတွင် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

Must read

စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာ-ရွှေဘို ကားလမ်း နေရာ ၆ ခုတွင် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်း၊ အောက်တိုဘာ ၈

စစ်ကိုင်းမြို့နယ် စစ်ကိုင်း-မုံရွာ-ရွှေဘို ကားလမ်း ၆ နေရာ၌ စစ်ကောင်စီ ယာဉ် တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် ပကဖထံမှသိရသည်။

စစ်ကိုင်း-မုံရွာ-‌ ရွှေဘိုကားလမ်း ၆ နေရာမှာ ကျွန်တာ်တို့ စစ်ကောင်စီယာဉ် တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ညက ဆား တောင်က နေ ၀က်လက်မြို့နယ်ကိုထွက်တဲ့ စစ်ကားနှစ်စီးကို ဟန့်တား နိုင်ခဲ့ပါတယ်။ မစ်ရှင်လုပ်ပြီးပြီးချင်းချက်ခြင်းပြန်ဆုတ်ရတာမို့စစ်သားတွေ ထိခိုက်သေဆုံးစာရင်းကို ကျ နော်တို့မသိရပါဘူး။ လမ်းတစ် လျှောက်သူတို့ ပစ်သွားတဲ့ ၅ ဒသမ ၅၆ကျည်‌ခွံတွေ၊၄၀ မမ ကျည်ခွံတွေ အများကြီးကျန် ခဲ့ပါတယ်”ဟု မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးမှပြောကြားသည်။

စစ်ကိုင်းမြို့၊ တပ်မ၃၃ မှ ဆားတောင်မြို့သို့ အောက်တိုဘာ ၅ ရက်နေ့ ညပိုင်း အင်အား ၅၀ ကျော် လိုက်ပါလာသော စစ်ကားနှစ်စီး ၀င်ရောက်ခဲ့ပြီး ဆားတောင်မြို့အထွက်တွင် ဆားတာင်မြို့ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီယာဉ်ရပ်တန့်ကာ ဂူကြီးတွင်း၊သိမ်းချောင်းရပ်ကွက်များ အတွင်း ခြေလျင် လျှောက် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ စစ်ကားနှစ်စီးသည် ၀က်လက်မြို့နယ်ဘက်သို့ မထွက်ခွာနိုင်ဘဲ ဆား တောင်ရဲစခန်း အတွင်းပြန် လည်၀င် ရောက်သွားကြာင်းဆား တောင်မြို့ပကဖ ထံမှသိရသည်။

ထို့ပြင် အောက်တိုဘာ ၆ရက်နေ့ ညပိုင်း အဆိုပါ စစ်ကားနှစ်စီးသည် ဆား တောင်မြို့မှ စစ်ကိုင်းမြို့သို့ ပြန်လည်ထွက်ခွာစဉ် ဆား တောင်နှင့် အုန်း တော အကြား နေရာ ၄ ခုတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာ ၇ ရက်နေ့ ညပိုင်းကလည်း စစ်ကိုင်းမြို့ တပ်မ ၃၃မှ အုန်းတောစစ်တပ် သို့ထွက်ခွာလာ သော စစ်ကောင်စီယာဉ် ခြောက်ဘီးယာဥ်တစ်စီးကိုကျောက်ဆည်ရွာ နှင့် အုန်း ‌ေတာရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အင်အားစု များထံမှသိရသည်။

စစ်ဆင်ရေး မိုင်းဆွဲတိုက်ခိုက်မှုများကို စစ်ကိုင်းမြို့နယ်ပကဖနှင့် ဆား တောင်မြို့ ပကဖ၊Phoenix SGG၊ Unicorn၊ Fight For Federal၊ အညာသား SGG အဖွဲ့တို့ ပူး ပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ် မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ် ကောင်စီတပ်၏ ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Karenni’s Voice

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article