28 C
Yangon

အစ္စရေး ပြည်သူ ရာပေါင်းများစွာ သေဆုံးစေခဲ့သည့် ပါလက်စတိုင်း စစ်သွေးကြွများ၏ တိုက်ခိုက်မှုအပြီး အစ္စရေးအစိုးရက ဟားမတ်စ်တို့အပေါ် တရားဝင် စစ်ကြေညာ

Must read

အစ္စရေး ပြည်သူ ရာပေါင်းများစွာ သေဆုံးစေခဲ့သည့် ပါလက်စတိုင်း စစ်သွေးကြွများ၏ တိုက်ခိုက်မှုအပြီး အစ္စရေးအစိုးရက ဟားမတ်စ်တို့အပေါ် တရားဝင် စစ်ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၈

အရှေ့အလယ်ပိုင်းတွင် အစ္စရေးနိုင်ငံကို ဟားမတ်စ်စစ်သွေးကြွများက စနေနေ့တွင် အံ့အားသင့်ဖွယ် ရာပေါင်းများစွာသော ဒုံးကျည်များဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အစ္စရေးအစိုးရက ဟားမတ်စ်တို့အပေါ် ယနေ့ တနင်္ဂနွေနေ့တွင် တရားဝင် စစ်ကြေညာလိုက်ကြောင်း သိရှိရသည်။

ဟားမတ်စ်တို့က စနေနေ့တွင် ရုတ်တရက် တိုက်ခိုက်မှုများစတင်ခဲ့ပြီး အစ္စရေး ပြည်သူ အများအပြားကို ပြန်ပေးဆွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အစ္စရေးနိုင်ငံထဲသို့ ဟားမတ်စ်တို့က ဝင်ရောက်ပြီး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဒုံးကျည်များနှင့်ပစ်ခတ်မှုများအတွင်း အစ္စရေးပြည်သူများ၊ စစ်သားများနှင့် ရာပေါင်းများစွာသော အစ္စရေးနိုင်ငံသားများ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိကြောင်း သိရှိသည်။

အစ္စရေးတို့ကလည်း ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းဖြင့် တုံ့ပြန် တိုက်ခိုက်ခဲ့ရာ ဟားမတ်စ် စစ်သွေးကြွများအပါအဝင် ပါလက်စတိုင်းပြည်သူ ၃၇၀ ကျော်ထက်မနည်းသေဆုံးခဲ့ရကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ နှစ်ဖက် အခြေအနေ တင်းမာနေပြီး အမေရိကန်က အစ္စရေးအတွက် စစ်ဘက်ဆိုင်ရာ အကူအညီများ ပေးပို့မည်ဖြစ်ပြီး ယနေ့ ဆိုက်ရောက် မည်ဖြစ်ကြောင်း အမေရိကန်အစိုးရဘက်က ထုတ်ပြန်ထားသည်။

လတ်တလော ရရှိထားသော သတင်းအချက်အလက်များအရ ပါလက်စတိုင်း စစ်သွေးကြွများ စတင်ခဲ့သော တိုက်ခိုက်မှုများ အပါအဝင် ၂၄ နာရီအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးတွင် လူဦးရေ ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article