28 C
Yangon

ရန်ကုန်တွင် မြို့ပြ စစ်ဆင်ရေးများ ဖော်ဆောင်ရန် တော်လှန်ရေး ရန်ပုံငွေ ကံစမ်းမဲ၌ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

Must read

ရန်ကုန်တွင် မြို့ပြ စစ်ဆင်ရေးများ ဖော်ဆောင်ရန် တော်လှန်ရေး ရန်ပုံငွေ ကံစမ်းမဲ၌ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ အောက်တိုဘာ ၉

ရန်ကုန်မြို့အတွင်း မြို့ပြ စစ်ဆင်ရေးများ ဖော်ဆောင်ရန် တော်လှန်ရေး ရန်ပုံငွေ ကံစမ်းမဲ၌ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း DRSSA တပ်ဖွဲ့မှ တေးရေး ဆရာ ပန်းချီ ကိုသူက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အာဏာရှင် တော်လှန်ရေး လျှို့ဝှက်ဓနုတပ်ဖွဲ့- Dictatorship Revolution Secret Sagittarius Army အနေဖြင့် ရန်ကုန်မြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများကို ဖောက်ခွဲတိုက်ခိုက်နိုင်ရန် လက် နက်ခဲယမ်းများ စုဆောင်းနေပြီး လိုအပ်နေသော ခဲယမ်း၊ ပစ္စည်းများ ဝယ်ယူနိုင်ရန် ကံစမ်းမဲလက်မှတ် ၁၀၀၀ ကို ရောင်းချကာ ရန်ပုံငွေရရှိရေး ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ UG အဖွဲ့မှာက လက်နက်ခဲယမ်းမရှိဘူး၊ ဒါတွေဝယ်ဖို့ကလည်း သယ်ယူပို့ဆောင်ရေး ခက်ခဲ တာရယ်၊ ဈေးအဆမတန်ကြီးတာရယ်ကြောင့် မလွယ်ကူဘူး၊ အဲဒါကြောင့် လက်နက်ခဲယမ်းကို ကိုယ် တိုင်ထုတ်လုပ်ဖို့ပါ၊ နည်းပညာပိုင်းဆိုင်ရာတွေက ကျနော်တို့မှာရှိတယ်၊ အဓိကလိုအပ်နေတာက အလှူငွေပဲ၊ မျှော်မှန်းသလောက် မရသေးတာက ပြသနာဖြစ်နေတာ၊ မဲစောင်ရေ တစ်ထောင်မှာ ၇၀၀ တော့ရောင်းပြီးပြီ၊ ကျန်တဲ့မဲတွေက ဝယ်ယူသူမရှိသလောက်ကို ဖြစ်နေတာ။” ဟု DRSSA တပ်ဖွဲ့မှ တေးရေးဆရာ ပန်းချီကိုသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ကံစမ်းမဲလက်မှတ်များ ဝယ်ယူအားဖြည့်ပေးမည့် မိဘပြည်သူများအနေဖြင့် –

https://www.facebook.com/profile.php?id=100092279830748

Page Messenger မှ ဆက်သွယ်အားပေးနိုင်ကြောင်း အသိပေးထားသည်။

အာဏာရှင် တော်လှန်ရေးလျှိုဝှက်ဓနုတပ်ဖွဲ့- Dictatorship Revolution Secret Sagittarius Army တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်ကုန်ခါနီးမှ ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ကြောင်း၊ မြို့တွင်းမစ်ရှင်အဖြစ် အသေးစား မစ်ရှင်များကိုသာဖော်ဆောင်နိုင်ခဲ့ကာ ထိရောက်မှုမရှိသဖြင့် ခေတ္တခဏရပ်ထားပြီး လက်နက်ခဲယမ်း ပြည့်စုံမှ ဆက်လက်ဖော်ဆောင်ကာ မိဘပြည်သူများကို ချသွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article