Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကချင်ပြည်နယ် ၊ လိုင်ဇာက စစ်ရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦးသေဆုံးသွားတဲ့အခြေနေကို ကုလသမဂ္ဂ ကော်မတီ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကတင်ပြလိုက်ပြီး ၊ အကြမ်းဖက်စစ်တပ်ကို ကုလနဲ့နိုင်ငံတကာက အရေးယူဖို့ ထပ်မံတိုက်တွန်း လိုက်ပါတယ်။
– ပြင်ဦးလွင်မြို့ ၊ မြို့ရှောင်လမ်းဘေးမှာရှိတဲ့ အင်ကြင်း တောင်နေရာက နေအိမ်တွေကို အကြမ်းဖက် စစ်တပ်က သိမ်းယူပြီး အတင်း အဓမ္မ ဖယ်ရှားခိုင်းနေတဲ့အတွက် ပြည်သူတွေဟာ ကိုယ့်အိမ်ကို ကိုယ် ဖျက်သိမ်းပေးနေရတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
-တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရပ်တော်မူ-ဘုရားကုန်းမှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ယာယီ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။