25 C
Yangon

ရွှေဘိုမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Northern Tigers Group (NTG) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် ရွှေဘိုမြို့အဝင် မုဒ်ပေါက်အနီး၌ စခန်းချထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက Shar Htoo Waw Drone နည်းပညာ မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြို့နယ်ရှိ ပလိုင်းရွာ၊ ရွာသာရွာ၊ မုတ်ဆီရွာများ၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကိုလည်း အောက်တိုဘာလ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်၊ ည ၁၂ နာရီ ၃၀ မိနစ်နှင့် နံနက် အစောပိုင်း ၃ နာရီ ၃၀ မိနစ်တို့တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Northern Tigers Group (NTG) ၊ TTA people defense force (SBO) ၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အတူ နယ်မြေခံအဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article