25 C
Yangon

စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသော လိုင်ဇာ စစ်ဘေး ရှောင် စခန်းမှ ကလေးငယ်များနှင့် ပြည်သူများကို နေ့ချင်းပြီး သဂြိုလ်

Must read

စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသော လိုင်ဇာ စစ်ဘေး ရှောင် စခန်းမှ ကလေးငယ်များနှင့် ပြည်သူများကို နေ့ချင်းပြီး သဂြိုလ်

ရန်ကုန်၊ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် အကြမ်းဖက်စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှု ကြောင့် သေဆုံးသွားရသော လိုင်ဇာစစ်ဘေးရှောင်စခန်းမှ ကလေးငယ်များနှင့် ပြည်သူများ၏ ရုပ်အလောင်းများကို ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နေ့ချင်းပြီး သဂြိုလ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

“ရုပ်အလောင်းတွေကို ဒီမနက်ပိုင်းမှာပဲ ပထမအသုတ် နေ့ချင်းပြီး သဂြိုလ် ပါတယ်။ မနက် ၁၁ နာရီကျော်မှာပဲ ဆုတောင်းအခမ်းအနားနဲ့ သဂြိုလ်ပြီးစီး ပါတယ်။ မွန်းလွဲ ၃ နာရီမှာ နောက်တစ်သုတ် သဂြိုလ်ပြီးစီးတယ်။ တစ်ရက် တည်းမှာ နှစ်ခါ သဂြိုလ် ရတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို လိုင်ဇာ ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးနေ ကြောင်း၊ ဒဏ်ရာပြင်းထန်သူတချို့ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသူတချို့ လည်း ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article