34 C
Yangon

ရန်ကုန်တွင် တော်လှန်လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်တွင် တော်လှန်လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာတစ်ခုတွင် ပြည်သူ့သပိတ် တပ်ပေါင်းစုမှ တော်လှန် လူငယ်များ ဦးဆောင် ကာ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှု ပြုလုပ်ရခြင်းသည် အကြမ်းဖက် စစ်တပ်က မကြာခင် ပြုလုပ်မည့် အင်းလေးဒေသ ဖောင်တော်ဦးပွဲကို လူစည်ကားအောင် စီစဥ်နေကြောင်း၊ အကြမ်းဖက် စစ်တပ် အနေဖြင့် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည်မှာ ကမ္ဘာသိဖြစ်ခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်တပ်ကပြုလုပ်မည့် ဝါဒဖြန့်ချီရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးအရပြုလုပ်သော အဆိုပါ ပျော်ပွဲရွှင်ပွဲများကို သပိတ်မှောက်ကြရန် နှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် အနေဖြင့် အဆိုပါပွဲများကို လူစည်ကားအောင် ပြုလုပ်ပြီး လုံခြုံရေးဟန်ပြပြုလုပ်ကာ ပြည်သူ့တော်လှန်ရေး အဖွဲ့များကို အမည်ဖျက်လိုခြင်းဖြင့် ၎င်းတို့ကိုယ်တိုင် အဆိုပါပွဲများကို ဖောက်ခွဲခြင်း ပစ်ခတ်ခြင်းများကို ပြုလုပ်ရန် စီစဥ်နေသည်ဟု ပြည်သူ့ ဖရဲသီးထံမှသတင်းရရှိကြောင်း ပြည်သူ့သပိတ် တပ်ပေါင်းစုမှ တော်လှန် လူငယ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article