25 C
Yangon

ကယားစစ်ဒေသခွဲတွင် PDF တပ်ဖွဲ့ဝင်များ လိုက်နာကျင့်ဆောင်ရမည့် ပြည်သူလူထုလုံခြုံရေးဆိုင်ရာ သင်တန်းများပို့ချ

Must read

ကယားစစ်ဒေသခွဲတွင် PDF တပ်ဖွဲ့ဝင်များ လိုက်နာကျင့်ဆောင်ရမည့် ပြည်သူလူထုလုံခြုံရေးဆိုင်ရာ သင်တန်းများပို့ချ

ရန်ကုန်၊ အောက်တိုဘာ ၁၁

ကယားစစ်ဒေသခွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် PDF တပ်ဖွဲ့ဝင်များ လိုက်နာကျင့်ဆောင်ရမည့် ပြည်သူလူထု လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စဉ်ဆက်မပြတ် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာလ စတုတ္ထပတ်တွင် ကယားစစ်ဒေသခွဲရှိ ပြည်သူလူထု လုံခြုံရေးဌာန တာဝန်ရှိသူနှင့် တပ်ရင်း “လုံ” အရာရှိများက PDF ရဲဘော်များနှင့်အတူ ရှေ့တန်းစစ်မြေပြင် တစ်နေရာ၌ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights)၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေ (International Humanitarian Law)၊ စစ်သည်တော်ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) များကို သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဥ်များကို ရှင်းလင်းမျှဝေခဲ့ကြောင်း၊ သင်တန်းတွင် စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်များကို ရှင်းလင်းမြင်သာစေရန် လက်တွေ့အစီအစဉ်များလည်း လေ့ကျင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article