26 C
Yangon

ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ပေကြီးရွာကို မီးရှို့ဖျက်ဆီးကာ နေအိမ်များကို မွှေနှောက်ဖျက်ဆီး

Must read

ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ပေကြီးရွာကို မီးရှို့ဖျက်ဆီးကာ နေအိမ်များကို မွှေနှောက်ဖျက်ဆီး

■ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ပေကြီးရွာကို မီးရှို့ဖျက်ဆီးကာ နေအိမ်များကို မွှေနှောက်ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ကန့်ဘလူမြို့နယ်၊ ပေကြီးရွာကို အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၃၆၁ မှ စစ်သားများနှင့် ပျူစောထီးများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ထိ ပေကြီးရွာနှင့် ငှက်ပျောတိုင်း အနီးအနားရှိ ကျေးရွာများကို မွှေနှောက် ဖျက်ဆီးနေကြောင်း၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ငှက်ပျောတိုင်းရွာလျှပ်စစ် ဓာတ်အားပေးရုံအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက် အထိအခိုက် အကျအဆုံးများခဲ့သောကြောင့် ငှက်ပျောတိုင်းအနီးရှိ ကျေးရွာများအား ဆက်တိုက်စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးနေ‌ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၆ ရက်နေ့ကလည်း အင်းလယ်ကြီးရွာမှ စစ်ဘေးရှောင် တဲတိုက်များတွင် စစ်ဘေးရှောင်နေသည့် အသက် ၁၆ နှစ်အရွယ် မောင်ပိုင်သက်ကျော် ၊ အသက် ၃၀ အရွယ် ကိုတာဝေး နှင့် အသက် ၃၀ အရွယ် ကိုကျောက်စိမ်းဦး တို့ ၃ ဦးကို ငါတို့ရွာ ပျူစောထီး အထိုင်စခန်းကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် အသက်မပြည့်သေးသည့် မောင်ပိုင်သက်ကျော်ကို ပြန်လည် လွတ်မြောက်လာသော်လည်း ကျန် ၂ ဦးကို ရွာသုဿာန်တွင် ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

” စစ်ခွေး စစ်ကြောင်းက အခုထိ ငှက်ပျောတိုင်း ဝန်းကျင်က ရွာတွေကို မွှေ​ေနေတုန်းပဲ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ မြေပြင်အခြေအနေတွေကို အခုထိ အတည်မပြုနိုင်သေးဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကန့်ဘလူခရိုင် အတွင်းရှိ တိုက်နယ် ၈ ခုအနက် ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊ မလည်တိုက်နယ်နှင့် ကာဘိုးတိုက်နယ် စသည့်တိုက်နယ် ၆ ခုအတွင်းရှိ ကျေးရွာ အများအပြားမှ ပြည်သူ ၂၀၀၀၀ ခန့်သည် အမြဲစစ်ဘေးရှောင်နေရပြီး ၁ နှစ်ခွဲကျော်လာပြီဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article