25 C
Yangon

လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်းမှ ပြည်သူ ၆၀၀ နီးပါး အရေးပေါ် အကူအညီများ လိုအပ်နေ

Must read

လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်းမှ ပြည်သူ ၆၀၀ နီးပါး အရေးပေါ် အကူအညီများ လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှ ပြည်သူ ၆၀၀ နီးပါးသည် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း Kachin Gender Star Group ထံမှ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက် ခံခဲ့ရ သော မုန်လိုင်ခက် – Mung Lai Hkyet စစ်ဘေးရှောင် စခန်းရှိ ပြည်သူများမှာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိနေပြီး Kachin Gender Star Group မှ လည်း အရေးပေါ်လိုအပ်သော သောက်သုံးရေ၊ အမျိူးသမီး တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ငွေကြေးအချိူ့သွားရောက် ကူညီလှူဒါန်းခဲ့ကြသည့်အပြင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပံပိုးမှုများလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကျဲခံရမှုကြောင့် ကလေးငယ် ၁၃ ဦးအပါအဝင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး သေဆုံး ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၇ ဦးရှိကြောင်း၊ အိမ်ပေါင်း ၁၃၃ လုံးပျက်စီးပြီး လူဦးရေ စုစုပေါင်း ၅၇၉ ဦးမှာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ၊ ဆက်သွယ်လှူဒါန်းလိုပါက ph no – +8618488945304 (Woichyai စစ်ရှောင်စခန်း တာဝန်ရှိသူ) တိုက်ရိုက် ဆက်သွယ် လှုဒါန်းနိုင်ကြောင်း အသိပေးထားသည်။

စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အရေးပေါ်စောင်၊ အဝတ်အစား၊ အနွေးထည်၊ အိပ်ရာခင်း၊ ဖျာ၊ ခြင်ထောင် ၊ ဖိနပ်၊ရေခွက်၊ တဘတ်၊ ကလေးအနှီး ၊ တိုင်ပါ ၊ မီးဖိုချောင်သုံး အိုးခွက်ပန်ကန်၊ ထင်း၊ လူနေအိမ်၊ ကျောင်းသား/သူ အသုံးအဆောင် အဝတ်အစားများ၊ အာဟာရအတွက် အစားအသောက် နှင့်ငွေကြေးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article