36 C
Yangon

ပခုက္ကူ၊ ရေစကြိုနှင့် မြိုင် မြို့နယ်ရှိ ထောင်နှင့် ချီသော စစ်ဘေးရှောင် ပြည်သူများ ဆေးဝါး၊ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

ပခုက္ကူ၊ ရေစကြိုနှင့် မြိုင် မြို့နယ်ရှိ ထောင်နှင့် ချီသော စစ်ဘေးရှောင် ပြည်သူများ ဆေးဝါး၊ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်ရှိ ထောင်နှင့် ချီသော စစ်ဘေးရှောင် ပြည်သူများ ဆေးဝါး၊ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်း ၄ ကြောင်းဖြင့် စီးနင်းနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတာ ၁၀ ရက်ဝန်းကျင်ရှိသွားပြီ စစ်ကြောင်းက ၄ ကြောင်းလောက် ထိုးနေတာ ပခုက္ကူမှာရော ရေစကြိုနယ်မှာရော မြိုင်နယ်မှာရော ပြည်သူတွေ အကုန်ပြေးနေရတာ” ဟု Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်ဘေးရှောင် ပြည်သူများကို လှူဒါန်းလိုသော ပြည်သူများ အနေဖြင့် Shwe Nyar Myae PDF ၏ https://www.facebook.com/profile.php?id=100081847857427… Facebook Page ကို ဆက်သွယ်ပြီး NUGPay ၊ KPay ၊ WavePay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article