30 C
Yangon

ဒီးမော့ဆို PDF က “ကျည်တစ်ထောင့် အလိုရှိသည်” ကမ်းပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံ

Must read

ဒီးမော့ဆို PDF က “ကျည်တစ်ထောင့် အလိုရှိသည်” ကမ်းပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ အောက်တိုဘာ ၁၁

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းသို့ ပို့ဆောင်နေသည့် အကြမ်းဖက်စစ်ယာဉ်တန်းများကို ဖြတ် တောက်တိုက်ခိုက်နိုင်ရန် “ ကျနော်တို့ ကျည်တစ်ထောင့် အလိုရှိပါသည်” ကမ်းပိန်းကို ပူးပေါင်းပါဝင် ပေးကြပါရန် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံမှ တဆင့်မေတ္တာရပ်ခံပြောကြားသည်။

ဩဂုတ်လ ၂ ရက်နေ့ကစ၍ ယနေ့အချိန်အထိ အကြမ်းဖက်စစ်ယာဉ်တန်းများသည် လွိုင်ကော်မြို့မှ တဆင့် ဒီးမော့ဆိုမြို့နယ်ကို ဖြတ်သန်းပြီး မယ်စဲ့မြို့နယ် အတွင်းသို့ စစ်ရေးအကူအညီ လက်နက်၊ ခဲ ယမ်း၊ ရိက္ခာများပို့ဆောင်လျက်ရှိရာ ယင်းယာဉ်တန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် နေ့စဉ် နှင့်အမျှခဲယမ်းများ လိုအပ်ချက်ဖြစ် ပေါ်လျက်ရှိကြောင်း သိရသည်။

“ကမ်ပိန်း စတာကတော့ စက်တင်ဘာ ၂၉ ရက်နေ့က စတာပါ၊ ဒီအချိန်အထိ ရာခိုင်နှုန်းနည်းနည်းပဲ ရ သေးတာပေါ့၊ အဲဒါကြောင့် မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းကူညီပါဝင်ပေးပါလို့ မေတ္တာရပ်ခံရတာပါ၊ ကမ်ပိန်းလုပ်ရတဲ့ ရည်ရွယ်ချက်က ၈ လပိုင်း ၂ ရက်နေ့ကတည်းက မယ်စဲ့မြို့နယ်ထဲကို စစ်ယာဉ်တန်း တွေနဲ့ ရိက္ခာတွေပို့နေတာ၊ အဲဒီ ရိက္ခာပို့ယာဉ်တန်းတွေ ဖြတ်တောက်နိုင်ဖို့ က ကျည်တွေအများကြီး လိုအပ်နေတယ်၊ ထိတွေ့တိုက်ပွဲကလည်း အဲဒီကတည်းက တောက်လျှောက် ဖြစ်နေတာ၊ ၂ လကျော်နေ ပြီ၊ ဒီနေ့ဒီအချိန်အထိပဲ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ၊ အဲဒါကြောင့် ကျည်တွေ၊ခဲယမ်းတွေ တော် တော်လေး ခက်ခဲတယ်၊ အဲဒါကြောင့်မို့လို့ ကမ်ပိန်းလုပ်ရတာပါ” ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

“ကျွန်တော်တို့ ကျည် တစ်တောင့် အလိုရှိပါသည် “ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးမည့် မိဘပြည်သူများ အနေဖြင့်-

https://www.facebook.com/profile.php?id=100090599250094

Messenger မှတဆင့် ဆက်သွယ်ပါဝင်နိုင်ကြောင်း အသိပေးထားသည်။

ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်အတွင်း အသုံးပြုနေသော AK ကျည် အတောင့် သေး တစ်ထောင့်လျှင် ၄၃၀၀ ကျပ်နှင့် AK ကျည် အတောင့်ကြီးတစ်ထောင့်လျှင် ၆၅၀၀ ကျပ်ဈေးနှုန်း ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article