26 C
Yangon

ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မြောင်ရှိ ကျောက်ရစ် ရဲစခန်းနှင့် စစ်သားများ အုပ်စုဖွဲ့ နေထိုင်သော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မြောင်ရှိ ကျောက်ရစ် ရဲစခန်းနှင့် စစ်သားများ အုပ်စုဖွဲ့ နေထိုင်သော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Royal Tiger Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ခင်ဦးမြို့နယ် အတွင်း ဝင်ရောက်သည် အင်အား ၁၀၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြစ်တော်ကျေးရွာမှ ထွက်လာစဥ် ခင်ဦးမြို့ အထိ လမ်းတစ်လျှောက် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားကာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲမှာ စစ်ခွေးတွေဘက်က မျက်မြင် ၃ ကောင်သေပြီး ဒီထက်လည်းပိုနိုင်ပါတယ်” ဟု Royal Tiger Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Guerrilla Force ၊ BNRA ၊ ဒေါင်းစစ်သည် ၊ ရောင်နီပြောက်ကျားတပ်ဖွဲ့ ၊ RTGF နှင့် မြို့နယ် ပလဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ​​မြောင်မြို့နယ်ရှိ ကျောက်ရစ် ရဲစခန်းနှင့် အကြမ်းဖက် စစ်သားများ အုပ်စုဖွဲ့ နေထိုင်သော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ် ခန့်တွင် ကျောက်ရစ်ရဲစခန်းနှင့် စစ်သားများ အုပ်စုဖွဲ့နေထိုင်သော အဆောက်အအုံတို့ကို ဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ည ၇ နာရီ ၃၁ မိနစ်တွင်လည်း စစ်သားများ အုပ်စုဖွဲ့ နေထိုင်သည့် အဆောက်အအုံကို ဒုတိယ အကြိမ် ဗုံးသီး ၄ လုံး ထပ်မံကျဲချခဲ့ရာ ပစ်မှတ်ကို အတိအကျ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOM ၏ ၀၀၁ ဒရုန်းအဖွဲ့ ၊ မြောင် ပလဖ ၊ Wild Bird ကောလင်း ဒရုန်းအဖွဲ့ ၊ မြင်းခြံခရိုင် တပ်ရင်း ၂ (PDF Taloke) ၊ LACR မြင်းခြံ ၊ Young Man အဖွဲ့တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article