28 C
Yangon

ထိုင်းနိုင်ငံ အယုဒ္ဓယတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ နီးပါး ဖမ်းဆီးခံရ

Must read

ထိုင်းနိုင်ငံ အယုဒ္ဓယတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ နီးပါး ဖမ်းဆီးခံရ

ရန်ကုန်| အောက်တိုဘာ ၁၇

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀ နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့ အလုပ်သမားခန့်ထားရေးဌာနက ထုတ်ပြန်ခဲ့သည်။

အူထိုင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများနေထိုင်သည့် စခန်းအတွင်း နိုင်ငံခြားသား အလုပ်သမား တစ်ထောင်ကျော်ရှိကြောင်း ရေဆိုးများကို စနစ်တကျစွန့်ပစ်မှုမရှိခြင်း၊ စိုက်ခင်းများအတွင်းမှ သီးနှံများကို မကြာခဏ ခိုးယူခြင်းတို့ လုပ်ဆောင်နေကြာင်း ထိုင်းရွာသားများက ရဲတပ်ဖွဲ့ကို တိုင်ကြားရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းတိုင်ကြားမှုကြောင့် အလုပ်သမားခန့်ထားရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ ၁၂ ရက်နေ့တွင် အလုပ်သမားစခန်းထဲသို့ သွားရောက်ခဲ့ပြီး အလုပ်သမားများ၏ အလုပ်လုပ်ခွင့် အထောက်အထားများနှင့် နိုင်ငံကူးလက်မှတ်များ ကွင်းဆင်းစစ်ဆေးခဲ့ဟု သတင်းများတွင် ဖော်ပြထားသည်။

၎င်းတို့အနက် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၆၉ ဦးနှင့် ကမ္ဘောဒီးယားအလုပ်သမား ၂၇၈ ဦး စုစုပေါင်း ၃၄၇ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းတို့တွင် နိုင်ငံကူးလက်မှတ်၊ အစားထိုးနိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ခွင့်လက်မှတ် စသည်တို့ကို မတွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ဖမ်းဆီးခံရသူများကို လဝကဥပဒေအရ တရားမဝင် လုပ်ကိုင်နေမှုများဖြင့် အရေးယူခံရမည်ဖြစ်ပြီး အလုပ်ရှင်ကိုလည်း တရားမဝင် အလုပ်သမားခန့်ထားမှုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလုပ်သမားခန့်ထားရေးဦးစီးဌာနက အယုဒ္ဓယခရိုင်အတွင်း တရားမဝင် အလုပ်သမားများကို တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူရန်နှင့် ဥပဒေအရ တရားဝင် အလုပ်သမားများသာ ခန့်အပ်နိုင်သည်ကို အလုပ်ရှင် အလုပ်သမားများကြား သိရှိလာစေရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: Thai PBS, CH 7 News HD, Matichon Online

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article