32.5 C
Yangon

ပေါက်မြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ပေါက်မြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၇

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆပန်းရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများနှင့် ရွှေဘုံသာပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်အချိန် ပေါက်မြို့နယ်၊ ဆပန်းကျေးရွာအတွင်း ရောက်ရှိ ခိုနားနေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို အီနာဂါ ဗုံး အသေး ၁၂ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်ဖးက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေ ဆုံး ခဲ့ကြောင်း သိရသည်။

ထို့အပြင် ည ၉ နာရီခန့်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အခိုင်အမာ တပ်စွဲထားသော ရွှေဘုံ သာ ပျူရွာအတွင်းရှိ ဂိတ်များ၊ ပျူစောထီးနေအိမ်များကို အီနာဂါဗုံးသီး ၁၂ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ အော်ဟစ်ပြေးလွှားဆဲဆိုကာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိ ခိုက်ဒဏ်ရာရရှိမှုရှိခဲ့သော်လည်း အတိအကျ သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း ၁ နှင့် ပေါက်မြို့နယ် ပကဖ တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article