25.7 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

အကြမ်းဖက်စစ်တပ်က စစ်အင်အား မလုံလောက်တဲ့အတွက် စစ်ဆေးဆရာဝန်တွေကို ရှေ့တန်း ထွက်ခိုင်းရာကနေ ဖာပွန်ရှေ့တန်းစခန်းက စစ်ဆေးဆရာဝန် ဗိုလ်ကြီး နေလင်းထက်ဟာ ကိုယ့်ကို ကိုယ် သတ်သေသွားတယ်လို့ စစ်ဆေးအသိုင်းဝိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့ပါဝင်တဲ့ အမှတ် ၁ စစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၇၅ ဦး သေသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

– ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးများ သယ်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၁ ဦးကို အရှင် ဖမ်းဆီးရမိထားတယ်လို့ MNDAA ကိုးကန့် သတင်းဌာန The Kokang ကနေ ဖော်ပြထားပါတယ်။

– အကြမ်းဖက် စစ်ကောင်စီရဲ့ NCA ၈ နှစ်ပြည့် အခမ်းအနား တက်ခဲ့တဲ့ ABSDF ဒုဥက္ကဌ ရဲဘော် မျိုးဝင်းအပါအဝင် ၃ ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကနေ ရပ်ဆိုင်း လိုက် တယ်လို့ ကျောင်းသားတပ်မတော် ABSDF ပြောရေး ဆိုခွင့်ရှိသူ ရဲဘော် ဆန်နီသူကပြောဆို လိုက် တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article