30 C
Yangon

ကော့ကရိတ်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ကော့ကရိတ်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ကော့ကရိတ်မြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာ မောင်းသူမဲ့လေယာဉ်ငယ် ၂ စီးဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်း ဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ပစ်မှတ်ကို ထိတာ အတိအကျပဲ၊ ရုံးကုန်းလို့ခေါ်တဲ့ သူတို့ရုံးတွေရှိတဲ့ နေရာကို အတိအကျ ချခဲ့တာ၊ အဲဒါကြောင့် သူတို့ပြန်ပစ်တာ၊ တော်တော်များများကို ပြန်ပစ်တယ်၊ စစ်ခွေးဘက်က ထိခိုက်ပျက်စီး သေဆုံး စာရင်းတော့ မသိရသေးဘူး၊ စုံစမ်းနေတုန်းပဲ၊ စစ်ခွေးတွေဘက်က လက်နက်ကြီးလက်နက် ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့ပေမယ့် ကျနော်တို့ရဲဘော်တွေဘေးကင်းပါတယ်၊ ပြည်သူတွေ လည်းထိခိုက်မှုရှိတယ်လို့ မကြားမိပါဘူး” ဟု Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာဖြင့် Kloud ၊ Angry Bird Drone Ranger နှင့် Power Of Ababil (POA)တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက် နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိခဲ့အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article