31 C
Yangon

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာ စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် တရုတ်ရာဇဝတ် ဂိုဏ်းများက လူကုန်ကူးမှု၊ ကျွန်ပြုမှုနှင့် ညှင်းပန်းမှုများ ပိုမိုကျူးလွန် လာ

Must read

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာ စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် တရုတ်ရာဇဝတ် ဂိုဏ်းများက လူကုန်ကူးမှု၊ ကျွန်ပြုမှုနှင့် ညှင်းပန်းမှုများ ပိုမိုကျူးလွန် လာ

■ ‘ဝ’ ဒေသတွင် Mytel ကွန်ရက်ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေမှု စစ်တပ်က မသိကျိုးကျွံပြုထားရန်ကုန်၊ အောက်တိုဘာ ၁၈ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်၊ ဝ ဒေသများတွင် ၂၀၂၁ ခုနှစ်‌ ဖေဖော်ဝါရီလ အကြမ်းဖက်စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း တရုတ်ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးမှု၊ ကျွန်ပြုမှု၊ ညှင်းပန်းနှိပ်စက်မှု ပိုမိုကျူးလွန်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိန်းလျံဟန်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က “ငရဲတွင်း၌ ပိတ်မိခြင်း” အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားခဲ့သည့် ပညာရေးလမ်းကြောင်း၊ အလုပ်အကိုင်ဆုံးရှုံးမှုအခြေအနေများကြုံတွေ့ရသဖြင့် ရှမ်းပြည်မြောက်ပိုင်းသို့ အလုပ်ရှာရန် သွားရောက်ခဲ့သော လူ့ကုန်ကူးခံခဲ့ရသူ ကျောင်းသား ၃ ဦးနှင့် CDM သူနာပြု ၁ ဦး စုစုပေါင်း ၄ ဦး၏ အင်တာဗျူးကို ဖော်ပြထားကြောင်း၊ အဆိုပါ လူငယ် ၄ ဦးသည် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှာဖွေရန် ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသဖြစ်သည့် ပန်ဆန်းမြို့နှင့် မိုင်းပေါက်မြို့များသို့လာရောက်ရင်း လူကုန်ကူးခံရကာ ကျွန်ပြုခံခဲ့ရကြောင်း သိရှိရသည်။ ” ပြည်သူတွေ ဒီလိုအလိမ်မခံရအောင် အဓိက ပြောပြချင်တာက ရှမ်းပြည်အရှေ့၊မြောက်ပိုင်းပဲဖြစ်ဖြစ် ဒီလို အွန်လိုင်း လိမ်လည်မှုတွေ ရှိနေတဲ့ ဒေသပဲဖြစ်ဖြစ် အလုပ်လုပ်မယ်ဆိုရင် စနစ်တကျ သေသေ ချာချာ စုံစမ်း စေချင်ပါတယ်၊ ဒီငွေလိမ်ဂိုဏ်းတွေနဲ့ စစ်တပ်ပူးပေါင်းထားသလားဆိုရင် စစ်တပ်က ခွင့်မပြုဘဲနဲ့ ဒီလိုမျိုးပေါ်ပေါ်ထင်ထင်လာလို့မရဘူးလို့ ကျွန်မထင်တယ်၊ အစီရင် ခံစာမှာလည်း မိုင်တဲ ကွန်ရက်ကို အဓိက အသုံးပြုတာ ပြထားတယ်၊ ဒါက စစ်တပ်ရဲ့အဓိက ပါဝင်မှုလို့ ထင်တယ်၊ သူတို့ အနေနဲ့သိတယ်၊ သူတို့အနေနဲ့သိပြီးမှ မျက်လုံးမှိတ်ထားတယ်လို့ မြင်တယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိန်းလျံဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။မိုင်းပေါက်မြို့တွင် အွန်လိုင်း ငွေလိမ်သည့် လုပ်ငန်း လုပ်ကိုင်ရသည့်အခါတွင် Mytel ကွန်ရက်တစ်ခုတည်းကိုသာ အသုံးပြုကြောင်း၊ ယခင်က ပန်ဆန်းနှင့် မိုင်းပေါက်မြို့များတွင် တရုတ်ဆက်သွယ်ရေးကွန်ရက်ကိုသာ အသုံးပြုခဲ့ကြကြောင်း၊ နောက်ပိုင်း ‘ဝ’ဒေသသို့ စစ်တပ်ပိုင် Mytel ကွန်ရက်များ ရောက်လာချိန်မှ စ၍ လူအများစုသည် Mytel ကိုသာ အသုံးပြုကြကြောင်း၊ ‘ဝ’ ဒေသတွင် အကြမ်းဖက်စစ်တပ်က တိုက်ရိုက်ထိန်းချုပ်ကိုင်တွယ်နေသည့် Mytel ကွန်ရက် အသုံးပြု၍ အွန်လိုင်း ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း၊ အကြမ်းဖက်စစ်တပ် က ထိထိရောက်ရောက် အရေးယူခြင်း မရှိသည်မှာ မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ‘ငရဲတွင်း၌ ပိတ်မိခြင်း’ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အနေနှင့် အစီရင်ခံစာ မှတ်တမ်းကို နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများသို့ ပို့ဆောင်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူနိုင်စေရန် လုပ်ဆောင်မှုများ ရှိကြေင်း ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိန်းလျံဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။“ကျွန်မတို့ဆီက မှတ်တမ်းတွေ update တွေ ထွက်ပြီဆို နိုင်ငံတကာအဖွဲ့အစည်းတွေ အမြဲတမ်း ကျွန်မတို့မှာ ရှိတဲ့ နိုင်ငံတကာ Diplomats တွေ တခြား ကျွန်မတို့ရဲ့ နိုင်ငံတကာသံရုံးတွေ အဖွဲ့အစည်းတွေ အကုန်ပို့ပေးတယ်။ အသိပေးတယ်။ ဒီအစီရင်ခံစာမှာ တောင်းဆိုချက်တွေ တစ်ခါတည်းပါပြီးသားပါ။ အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာတယ်လို့ ပြောလို့ရပါတယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ပြောရေးဆိုခွင့် ရှိသူ မယိန်းလျံဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ဓာတ်ပုံ- တရုတ်-မြန်မာနယ်စပ်မှ အွန်လိုင်းရာဇ၀ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article