Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– မြန်မာနိုင်ငံမှာ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်က နူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက် ဖို့ ကြိုးပမ်းနေမှုအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက သေသေ ချာချာ စောင့်ကြည့် စစ်ဆေးဖို့ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
– ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ တရုတ်ရာဇဝတ် ဂိုဏ်းတွေက လူကုန်ကူးမှု၊ ကျွန်ပြုမှုနဲ့ ညှင်းပန်းမှုတွေ ပိုမိုကျူးလွန်လာတဲ့အပြင် ၊ ‘ဝ’ ဒေသမှာ Mytel ကွန်ရက်ကို အသုံးပြုပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ လုပ်ဆောင်နေတာကို အကြမ်းဖက် စစ်တပ်က မသိကျိုး ကျွံပြုထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မယိန်း- လျံဟန် က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ကြားဖြတ် မိုင်းဆွဲ တိုက် ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။