31 C
Yangon

ရွှေကူအခြေစိုက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိ

Must read

ရွှေကူအခြေစိုက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုလုံးကို KIA တပ်ရင်း ၁၂ က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ ထွက်ပြေးသူ အများအပြားရှိကြောင်း သိရသည်။

“ရွှေကူ ဒေသမှာရှိ စစ်ခွေးတွေရဲ့ ခမရ ၆၀၂ တပ်ရင်း နဲ့ ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုလုံးကို KIA က သိမ်းထားတယ်။ လက်နက်အများ အပြားသိမ်းဆည်းရရှိတယ်။ စစ်ခွေးအသေများတယ်။ အရေအတွက် မသိရသေးဘူး။ တချို့ စစ်ခွေးတွေ ခွေး‌ပြေးဝက်ပြေးဘဝဖြစ်ကြတယ်” ဟု KIA သတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article