29 C
Yangon

မန္တလေး၊ စျေးချိုတွင် ဘေးတွဲ ဆိုင်ကယ်မောင်းသည့် လူငယ် ၁ ဦးကို စည်ပင်ဝန်ထမ်းများက ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် သေဆုံး

Must read

မန္တလေး၊ စျေးချိုတွင် ဘေးတွဲ ဆိုင်ကယ်မောင်းသည့် လူငယ် ၁ ဦးကို စည်ပင်ဝန်ထမ်းများက ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၉

မန္တလေးမြို့၊ စျေးချိုတွင် ဘေးတွဲ ဆိုင်ကယ်မောင်းသည့် လူငယ် ၁ ဦးကို စည်ပင်ဝန်ထမ်းများက ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် စျေးချို အနောက်ဘက် ၂၉ လမ်းပေါ်၌ ကုန်တင် ကုန်ချလုပ်နေသော ဘေးတွဲ ဆိုင်ကယ်မောင်းသည့် လူငယ် ၁ ဦးကို လှဖုန်းမြင့် ဦးဆောင်သော စည်ပင်အဖွဲ့က ဝိုင်းဝန်း ရိုက်နှက်ပြီးနောက် ဝိုင်းချုပ်ကာ စည်ပင်ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” ဘေးတွဲနဲ့ ကုန်တင်ကုန်ချနေတဲ့ ကောင်လေးကို စျေးချို အနောက်ဘက်က ၂၉ လမ်းပေါ်မှာ ဘေးတွဲရပ်ပြီး ကုန်မချနဲ့ လို့ပြောပြီး စည်ပင်ဝန်ထမ်းတွေက အတင်းမောင်းထုတ်ပြီး ကောင်လေးကို ဝိုင်းရိုက်ကျတယ်။ ဝိုင်းရိုက်ပြီးတော့ ကောင်လေးကို စည်ပင်ရုံးထဲ ဖမ်းသွားကျပြီး ထပ်ပြီး ဝိုင်းရိုက်နှက်တာ ရုံးထဲမှာပဲ ကောင်လေး သေသွားတယ်လို့သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

စျေးချို စည်ပင်ရုံးသည် ၂၇ လမ်း၊ ၈၅ ၈၆ ကြား မန္တလေး မြန်မာပလာဇာ အနောက်ဘက်တွင်ရှိပြီး သေဆုံးသွားသော ကောင်လေး၏ ရုပ်အလောင်းကို စည်ပင်ဝန်ထမ်းများက ရဲဘက်ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

စည်ပင်ဝန်ထမ်းများက သတ်ဖြတ်မှု ကျူးလွန်ပြီးနောက် စျေးချိုအတွင်း လှည့်လည်ရာတွင် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဖြင့် သွားလာနေပြီး စျေးသည်များကို မိုက်ရိုင်းစွာ ပြောဆိုမှုများ ပိုမို လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article