စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ ရေနံမှော်၌ တပ်စွဲထားသော စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၀
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ ရေနံမှော်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာ ရေနံမှော်ကုန်း၌ စစ်သား အင်အား ၅၀ ဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးကာ စစ်သား ၇ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး စစ်စခန်းအတွင်းမှ စစ်သား အများအပြား ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း စလင်း PDF မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက် ဒဏ်ရာမရှိဘဲ လျင်မြန်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။