25 C
Yangon

မင်းအောင်လှိုင် စိတ်ကူးယဉ်နေတဲ့ နူးကလီးယား ဓာတ်ပေါင်းဖို အိပ်မက် တိုင်းပြည်ကို ဆင်းရဲတွင်း ပိုမို နက်စေမယ်

Must read

မင်းအောင်လှိုင် စိတ်ကူးယဉ်နေတဲ့ နူးကလီးယား ဓာတ်ပေါင်းဖို အိပ်မက် တိုင်းပြည်ကို ဆင်းရဲတွင်း ပိုမို နက်စေမယ်

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကောင်စီနှင့် ရုရှား နိုင်ငံပိုင် နျူကလီးယား ကုမ္ပဏီ တစ်ခုဖြစ်သော Rosatom တို မြန်မာနိုင်ငံတွင် နျူကလီးယားအခြေခံအဆောက် အအုံတည်ဆောက်ရေး အတွက် လုပ်ငန်းစတင်နိုင်ရန် လေ့လာမှုများ လုပ်ဆောင်ရန် အောက်တိုဘာလအတွင်းတွင် သဘောတူ လိုက်သည်။

Rosatom ကော်ပိုရေးရှင်းနှင့် မြန်မာ စစ်အုပ်အကြား နျူကလီးယားအခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ဖြစ်နိုင်ချေ အချက်အလက်များကို စတင်လေ့လာရန်နှင့် နျူကလီးယားဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးအဆင့်လိုက် အစီစဉ်များကို နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း Rosatom ကုမ္ပဏီ ဘက်ကသတင်းထုတ်ပြန်ခဲ့သည်။

cချမှတ်ဖို သဘောတူညီခဲ့ကြောင်းကိုလည်း ဖော်ပြထားသည်။

အဆိုပါ သဘောတူညီချက်အတွက် Rosatom ညွှန်ကြားရေးမှူးချုပ် Alexei Likhachev နှင့် စစ်ကောင်စီ ၏ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော် တို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

Rosatom သည် မြန်မာနိုင်ငံ၊ ကာဂျစ္စတန်၊ သီရိလင်္ကာနိုင်ငံတိုနှင့် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ဖွံဖြိုးတိုးတက်ရေး အစီစဉ်များကို လက်မှတ်ရေးထိုးထားကြောင်းလည်း သိရရှိရသည်။

ရုရှားအစိုးရနှင့် မြန်မာ စစ်ကောင်စီတိုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် အခြေခံ အချက်များ သဘောတူညီခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစတင်ဖို သဘောတူညီချက်ကို ယခုလ မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နျူကလီးယားဓာတ်အားပေးစက်ရုံ ကို မည်သည့်နေရာတွင် တည်ဆောက်မယ်ဆိုသည်ကိုမှု စစ်ကောင်စီ နှင့် ရုရှားဘက်က သီးခြားထုတ်ပြန်ထားခြင်းကို မတွေ့ရသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် နည်းပညာတက္ကသိုလ် ၃ ခုနှင့် ရုရှားနိုင်ငံက နျူကလီးယား နည်းပညာတက္ကသိုလ် တစ်ခုဖြစ်သော National Research Nuclear University (Moscow Engineering Physics Institute-MEPhi) တက္ကသိုလ် အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရှိရသည်။

အဆိုပါ လက်မှတ်ရေးထိုးမှုမှာ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန် နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တို က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးတွင် အဓိကအားဖြင့် လျှပ်စစ်ဓာတ်အားအတွက် စစ်ကောင်စီက အကြောင်းပြထားသော်လည်း မင်းအောင်လှိုင်တွင် ထိုထက်ပိုမိုသော စစ်ရေးရည်ရွယ်ချက်များရှိနေနိုင်သည်က ယုံမှား သံသရှိစရာမလိုပေ။

မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များစွာရှိနေသော်လည်း သဘာ၀ပတ်ဝန်းကျင် မထိခိုက်စေသော ရေအားလျှပ်စစ်စီမံကိန်း၊ လေစွမ်းအင် လျှပ်စစ်ထုတ်လုပ်ရေး၊ ရခိုင်ကမ်းလွန်တွင် အလျှံပယ်ထွက်ရှိနေသးသည့် သဘာ၀ဓာတ်ငွေ့များဖြင့် လျှပ်စစ်စွမ်းအားရရှိရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရမည်ဖြစ်သော်လည်း စစ်ကောင်စီက ထိုထက်ကျော်လွန်၍ နူကလီးယားဓာတ်ပေါင်းဖိုဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးကို အဓိက ဦးတည်ထားသည်။

တိုင်းပြည်ဆင်းရဲနေချိန် နူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းသည် အကုန်အကျ များသော စီမံကိန်းတစ်ခုဟုဆိုနိုင်ပြီး လျှပ်စစ်ဓာတ်အား မီဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်သော အသေးငယ်ဆုံးသော နူကလီးယားဓာတ်ပေါင်းဖိုတစ်ခုဆိုလျှင်ပင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိကာ ဓာတ်ပေါင်းဖို လည်ပတ်ရန်၊ သဘာ၀ပတ်ဝန်းကျင် မထိခိုက်ရန်၊ အနူမြူ ရောင်ခြည်မသင့်ရန် စသည့် ထိန်းသိမ်းရသည့် စရိတ်စကများက အလွန်ကြီးမားလွန်းလှသည်။

စစ်ရေး ဆိုင်ရာ ရည်ရွယ်ချက်အတွက်ပါ မင်းအောင်လှိုင် စိတ်ကူးယဉ်နေသော နူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းသည် ဆင်းရဲနေသော တိုင်းပြည်ကို ပိုမို နက်ရှိုင်းသော ဆင်းရဲတွင်းအတွင်းသို့ ဆွဲခေါ်နေသည်က အသေအချာပင်ဖြစ်သည်။ စစ်တပ် အာဏာတည်မြဲရေး နှင့် ဒေသတွင်း ဩဇာ တည်ဆောက်ရေး အတွက် စစ်အာဏာရှင် မင်းအောင်လှိုင် မက်နေသော နူကလီးယား အိပ်မက်က မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူများကို အကျိုးမဖြစ်စေသည်မှာ ဧကန်မုချပင်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article