35 C
Yangon

မြိတ်တွင် ဖမ်းဆီးခံရသည့် ပရဟိတသမား ကိုအောင်ကျော်နိုင်ကို စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်

Must read

မြိတ်တွင် ဖမ်းဆီးခံရသည့် ပရဟိတသမား ကိုအောင်ကျော်နိုင်ကို စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်

ရန်ကုန်| အောက်တိုဘာ ၂၁

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူတိုက်နယ် သာရဘွင်ရွာ အခြေစိုက် ချမ်းမြေ့ပါရမီ လူနာတင်ယာဉ်မောင်း ကိုအောင်ကျော်နိုင်ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် နှစ်ပတ်ကျော်အကြာတွင် စစ်ကြောရေးတွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

အသက် ၂၈ နှစ် အရွယ် ကိုအောင်ကျော်နိုင်သည် စက်တင်ဘာလ ၃၀ ရက်နေ့ လူနာ ပို့ဆောင်ပြီး မြိတ်မှ သာရဘွင်ရွာသို့ အပြန် မြိတ်-တနင်္သာရီ လမ်းပိုင်းရှိ ဇဝဲရွာ လမ်းဆုံ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ် တွင် ဖမ်းဆီးခံခဲ့ရကြောင်း ၊ယင်းနောက် ၎င်းနှင့် လူနာတင်ယာဉ်ပါ အောက်ကင်းရွာ အခြေစိုက် ခမရ ၅၅၇ တပ်တွင် ဖမ်းဆီးသွားပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် အောင်ကျော်နိုင်၏ အလောင်း လာယူရန် စစ်ကောင်စီတပ်က မိသားစုဝင်များကို အကြောင်းကြာခဲ့သည်ဟု ဒေသခံများက ပြောသည်။

” ကိုအောင်ကျော်နိုင်က ဘာအပြစ်မှ မရှိဘဲ ဖမ်းခံရပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ ဆုံးသွားတယ်။ သူက ကျန်းမာရေး ကောင်းသူ တစ်ဦးပါ။ အလောင်းကို တနင်္သာရီမြို့မှာ မိသားစုတွေက သွားကြည့်ပြီး နာရေးကို အဲ့မှာပဲ တခါတည်း ပြုလုပ်ခဲ့ရတယ်”ဟု မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီက ကိုအောင်ကျော်နိုင်၏ အလောင်း ပြန်လာယူဖို့ မိသားစုဝင်များကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖုန်းဆက် အကြောင်းကြာခဲ့သော်လည်း မိသားစုဝင်များက ၁၈ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ၁၉ ရက်နေ့တွင် တနင်္သာရီမြို့ပေါ်က ရင်ခွဲရုံတွင် နာရေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်ကျော်နိုင်သည်၊ အစ်ကို၊ အမေနှင့် ၈ တန်းကျောင်းသား ညီဖြစ်သူ တစ်ဦးတို့ကို အလုပ်လုပ်ကိုင် ကျွေးမွေး နေသူတစ်ဦး ဖြစ်ပြီး ရပ်ရွာတွင် အားကိုး အားထားရသည့် လူငယ်တစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article