29 C
Yangon

ယင်းမာပင်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကန့်ဘလူတွင်လည်း ပျူစောထီး စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

ယင်းမာပင်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကန့်ဘလူတွင်လည်း ပျူစောထီး စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၉ ဒေါင်းမင်း PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ယင်းမာပင်မြို့နယ်ရှိ သီတဂူကျောင်းနှင့် ရွှေတောင်ဦးရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုကို ၈၀ မမ ၊ ၆၀ မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တုန်းက ရင်ပေါင်တိုင် ကျေးရွာ နဲ့ ရသစ်ကျေးရွာ အကြားမှာ အကြမ်းဖက် စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ရာကနေ ကျည်ဆန် မလုံလောက်လို့ အဖမ်း သတ်ဖြတ်ခံလိုက်ရတဲ့ တပ်ရင်းမှူး ဗိုလ်စက္က နဲ့ တပ်စိတ်မှူး ကျဆုံးခြင်းတစ်နှစ်ပြည့် ဂုဏ်ပြုအထိမ်း အမှတ် အနေနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၉ ဒေါင်းမင်း PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင် ခရိုင် တပ်ရင်း ၂၉ ဒေါင်းမင်း PDF ၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ် ၊ ARLARWAKA PDF ၊ စစ်ကျွန်မခံ မြွေဆိုးတစ်သိုက် နှင့် ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးတပ်ပေါင်းစုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယောရွာရှိ ပျူစောထီးစခန်းကို Kanbalu Guerilla Force အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ယောရွာရှိ ပျူစောထီးစခန်းကို Kanbalu Guerilla Force အဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီး ပစ်ခတ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article