30.5 C
Yangon

တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး ပစ်သတ်၊ ဆားလင်းကြီးတွင် စစ်ရေယာဥ် အုပ်စု၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး ပစ်သတ်၊ ဆားလင်းကြီးတွင် စစ်ရေယာဥ် အုပ်စု၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာသား ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်း တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာသား ဦးသောင်းပိုကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ လာရောက် ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း သိရသည်။

” အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်လောက်မှာ ဦးသောင်းပိုရဲ့ စိုက်ခင်းကို ကျေးရွာသား တစ်ဦးက စိုက်ပျိုးရေး ကူလုပ်ပေးဖို့ အသွား တဲပေါ်မှာ သေနတ် ဒဏ်ရာနဲ့ သေဆုံးနေတာကို သိရတာပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

သေဆုံးသွားသော ဦးသောင်းပိုသည် ရိုးရိုးသားသား စိုက်ပျိုးလုပ်ကိုင် စားသောက်နေသူဖြစ်ပြီး မည်သည့်အတွက်ကြောင့် စစ်တပ်က သတ်ဖြတ်သွားသည်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရေယာဥ် အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ မုံရွာမြို့ရှိ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ သစ်တင် သင်္ဘော ၈ စီးသည် ချင်းတွင်းမြစ်အတိုင်းစုန်ဆင်းလာရာ ပေါင်းဝရွာအနီးတွင်း သင်္ဘော ၁ စီးသောင်တင်ခဲ့ကြောင်း၊ ယင်းသင်္ဘောပေါ်၌ ပါလာသည့် သစ်များကို သင်္ဘော ၁ စီးက နေ့ရောညပါ ကရိန်းများဖြင့်ကဲ့၍ ခွဲထုတ်တင်ရာ ယနမန်နေ့ ညနေပိုင်းတွင် ပြီးစီးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ယမန်နေ့ ညနေပိုင်းတွင် စစ်တပ် ရေယာဥ် အုပ်စုသည် ချင်းတွင်း စတင်စုန်လာပြီး မြစ်ကမ်းဘေးရှိ ကျေးရွာများကို ရမ်သမ်း ပစ်ခတ်ခြင်းကြောင့် သရက်ကိုင်းရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အသက် ၂၀ အရွယ် အမျိုးသား ၁ ဦး ဦးခေါင်းတွင် ကျည်ထိမှန်ကာ သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article