30 C
Yangon

ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသောကြောင့် လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

Must read

ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသောကြောင့် လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဆင်ကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက် ၄ နာရီခန့်က ကော့ကရိတ်မြို့ပေါ်နှင့် တတန်ကူးကျေးရွာ ဘက်မှ အကြမ်းဖက် စစ်တပ်က အင်အား အများအပြားဖြင့် စစ်ကြောင်း ထိုးလာခြင်းကြောင့် ဆင်ကုန်းရွာနှင့် တတန်ကူးကျေးရွာ အကြား အရောက်၌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသောကြောင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“အကြမ်းဖက် စကစ ဘက်က မနက် ၄ နာရီ ကတည်းက စစ်ကြောင်းစထိုးတာ၊ အခုထိပဲ လေကြောင်း ကနေ ဗုံးကျဲနေတာ၊ သူတို့ဘက်က အကြီးပိုင်းတွေအထိ သေတာတွေလည်း သိရတယ်၊ ဒါပေမယ့် တိုက် ပွဲမပြီးသေးဘူး၊ လောလောဆယ်ဖြစ်နေတုန်းပဲရှိသေးတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် ကော့က ရိတ်မြို့တွင်းရှိ အကြမ်းဖက်စစ်တပ်မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ကျေးရွာနေပြည်သူအမြောက်အများလည်း ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article