28 C
Yangon

စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်တို့တွင် ဗိုလ်လောင်းသင်တန်း လျှောက်ထားသူ စံချိန်တင် အနည်းဆုံးရောက်ရှိ

Must read

စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်တို့တွင် ဗိုလ်လောင်းသင်တန်း လျှောက်ထားသူ စံချိန်တင် အနည်းဆုံးရောက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၆

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်တက္ကသိုလ်(DSA) ၊ စစ်ဆေးတက္ကသိုလ် (DSMA) နှင့် စစ်နည်းပညာတက္ကသိုလ်(DSTA) တို့တွင် ယခုနှစ် ဗိုလ်လောင်းသင်တန်းများအတွက် ၁၀ တန်းအောင်ထားသူများကို ခေါ်ယူခဲ့ရာတွင် လျှောက်ထားသူ အလွန်နည်းပါးကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

စစ်ကောင်စီက ၁၀ တန်းအောင် စာရင်းများကို ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်တို့အတွက် ဗိုလ်လောင်းများ ခေါ်ယူခဲ့ကြောင်း၊ အရည်အချင်းစစ်စာမေးပွဲများကို ၂၀၂၃ ခုနှစ်ဩဂုတ်လအတွင်း ကျင်းပခဲ့ရာတွင် လက်ရှိ နောက်ဆုံး စာရင်းများအရ လျှောက်ထားသူများမှာ စံချိန် တင် နည်းပါးလျက်ရှိကြောင်း၊ စစ်တက္ကသိုလ်တွင် လျှောက်လွှာတင်ပြီး အရည်အချင်း စစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ရာဂဏန်းဝန်းကျင်၊ စစ်ဆေးတက္ကသိုလ်တွင် လျှောက်လွှာတင်ပြီး အရည်အချင်းစစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ရာဂဏန်းဝန်းကျင်၊ စစ်နည်းပညာတက္ကသိုလ်တွင်လည်း တစ်ရာအောက် ဝန်းကျင်သာရှိကြောင်း သိရှိရသည်။

“ဗိုလ်လောင်း ခေါ်ယူတာမှာ လျှောက်ထားသူ အရမ်းကို နည်းတဲ့ နှစ်တစ်နှစ်ပဲ။ ၃ နှစ်ဆက်တိုက် ဗိုလ်လောင်းလျှောက်တဲ့သူ အနည်းဆုံးနှစ်ပဲ။ လျှောက်ထားသူ အများစုက တပ်အသိုင်းအ၀ိုင်းဘက်က ဆယ်တန်းအောင်တဲ့ ကလေးတွေ ပိုများတယ်။ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ် ဆက်တိုက်ကို လျှောက်ထားသူ အရေအတွက် အရမ်းနည်းလာတာ။ အခုလည်း နည်းတုန်းပဲ။ အရေအတွက်နဲ့ဆိုရင် ရာဂဏန်းဝန်းကျင်တွေပဲရှိတယ်။ ရာဂဏန်းဆိုတာ ၂၀၀ ဝန်းကျင်ဆိုတာ အများဆုံးပဲ။ လျှောက်ထားသူ အကုန်ခေါ်ရမယ့် အခြေအနေရှိပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

အခြားသတင်းရင်းမြစ်တစ်ခုကမူ စစ်ဆေးတက္ကသိုလ်တွင် လာရောက် အရည်အချင်းစစ် ဖြေဆိုသူ ၁၂ ဦး၊ စစ်နည်းပညာတက္ကသိုလ်တွင် အရည်အချင်းစစ်ဖြေဆိုသူ ၂၄ ဦး ၊ စစ်တက္ကသိုလ်တွင် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုသူ ၂၁၉ ဦး ရှိသည်ဟု သတင်းပေးပို့ချက်များရရှိပြီး ရန်ကုန်ခေတ်သစ်၏ ဖရဲသီး တပ်သတင်းရင်းမြစ်ကမူ ကိန်းဂဏန်းများကို အတိအကျ ပြောဆိုခြင်းမရှိပေ။

“ဒီနှစ်က စံချိန်တင် နည်းတဲ့ နှစ်လို့ ဆိုရင် မမှားပါဘူး။ ကိန်းဂဏန်းနဲ့တော့ ပြောလိုက်ရင် မတိကျဘဲ မှားမှာစိုးလို့။ သက်ဆိုင်တဲ့ တပ်ဘက်က အရာရှိအချင်းချင်း ပြောလာတာက လျှောက်ထားသူ အရမ်းနည်းပါတယ်။ စစ်တက္ကသိုလ် ၃ ခုစလုံးမှာ နည်းနေတာ။ အဲဒါကတော့ အမှန်တရားပဲ။ လျှောက်ထားသူတွေကလည်း တပ်ထဲက အရာရှိ၊ စစ်သည်တွေရဲ့ ကလေးတွေပဲ ပြန်လျှောက်ကြတာ။ အဲဒါ ခိုင်ခိုင်မာမာပြောနိုင်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။

ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုကမူ စစ်တပ်အသိုင်းအ၀ိုင်းမှ ဆယ်တန်းအောင်မြင်ကြသော လူငယ်လေးများကို စစ်တက္ကသိုလ်တွင် လျှောက်ထားကြရန် တပ်တွင်း တိုက်တွန်းနှိုးဆော်သော ညွှန်ကြားချက်မျိုး ပေးပို့ တိုက်တွန်းခဲ့သော်လည်း အများစုသော လူငယ်များမှာ မလျှောက်ထားကြဘဲ ပြည်ပနိုင်ငံများသို့ သွားရောက် ပညာသင်ကြရန် စိတ်ဝင်စားကြကြောင်း၊ တပ်အသိုင်းအ၀ိုင်းတွင်ပါ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းများသို့ လျှောက်ထားမှု နည်းပါးကြောင် ပြောဆိုသည်။

စစ်ကောင်စီက တိုက်ပွဲများတွင် တိုက်ခိုက်ရေး စစ်သားများ သေဆုံးမှုများပြားသဖြင့် လက်ရုံးတပ်များကို အသုံးပြုနေရသည့်အပြင် စစ်တပ်အင်အားကို ဖြည့်တင်းနိုင်ရေးအတွက် အမျိုးမျိုးသော လိမ်လည်နည်းများဖြင့် တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ဆေးတက္ကသိုလ်ကျောင်းဆင်းပွဲတစ်ခုသို့ တက်ရောက်နေသော အကြမ်း ဖက် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article