29.6 C
Yangon

ဘုတလင်၊ ဇီးတောကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံး

Must read

ဘုတလင်၊ ဇီးတောကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ် ပြီး အကြမ်းဖက် စစ်‌‌ ကောင်စီတပ်သား ၅ ဦးမျက်မြင်သေဆုံးကာ ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၃ – အောင်ဆန်းမျိုးဆက် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မုံရွာမြို့၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ် မှ ဘုတလင်မြို့နယ်ဘက်သို့ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်သား ၅ ဦး မျက်မြင်သေဆုံးပြီး ယူနီဖောင်း ၁ ထည် ၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ 7.62 ကျည် ၈၂ တောင့်၊ 5.56 ကျည် အ တောင့် ၂၀ ၊ ဆွဲကြိုး ၂ ကုံး၊ ကျောက်စိမ်း ၆ လုံး ၊ ကျည်ဘောက် ၃ ခု၊ ပိုက် ဆံ ၅၀၀၀ ကျပ်၊ စစ်သုံး အိတ် ၁ လုံး နှင့် အခြားသော ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ပထမ ထွက်လာတာက တစ်ကြောင်းတည်းဗျ၊ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီး တော့ အင်အား ထပ်ဖြည့် ပြီး စစ်ကြောင်း နှစ်ကြောင်းဖြစ်သွားတာ၊ မျက်မြင် ၅ ယောက်လောက်သေပြီး ထိခိုက်ဒဏ်ရာရရှိသူများတယ်လို့ သိရပါတယ်၊ အခု အထိ တော့ စစ်တပ်က မဆုတ်သေးဘူး၊ အနီးအနားကရွာတွေက ပြည်သူ တွေတော့ စစ်ရှောင်နေကြ ရတဲ့အခြေအနေပါပဲ” ဟု အောင်ဆန်းမျိုးဆက် တပ် ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၃ တပ်ရင်း (အောင်ဆန်းမျိုးဆက်) ၊ဘုတလင်မြို့နယ် အခြေ စိုက် ကျောင်းသားလက်ရုံးတပ်တော်နှင့် ဒေသ ကာ ကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောင်ဆန်းမျိုး ဆက် တပ်ဖွဲ့မှ တပ်စိပ်မှူး တာဝန်ထမ်းဆောင်နေသော ရဲဘော်စည်ကြီးမှာ အကြမ်း ဖက် စစ်ကောင်စီတပ်သားများကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ကျည်ထိမှန်ကာ ကျဆုံး ခဲ့ရကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article