Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့းမြို့၊ နမ့်ခမ်း၊ မူဆယ်နဲ့ကွက်ခိုင်မြို့နယ်တို့က အကြမ်း ဖက်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်သား ၄ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာန ဆီကသိရပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က သံချပ်ကာနဲ့ ကား ၆ စီးကို သိမ်းပိုက်ရရှိထားပြီး လတ်တလော တင့်ကား ၁ စီးမှာ အကောင်းအတိုင်းရှိနေတယ်လို့ MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါတယ်။
-စစ်ကောင်စီအတွက် အဓိကနိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဘဏ္ဍာရေးအရ ဒဏ်ခတ်အရေးယူလိုက်တယ်လို့ မနေ့က တရားဝင် ထုတ်ပြန်ကြေညာ လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
